မွေးနေ့မှာ မျက်ကြည်လွှာ နဲ့ ခန္ဓာကိုယ် လှူဒါန်းသွားမယ့် ဟိန်းဝေယံ

0
299

မေလ ၁၂ ရက်နေ့ မွေးနေ့ရှင် ဟိန်းဝေယံကတော့ သူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ဖို့ရှိပြီး၊ ဒီနှစ် မွေးနေ့မှာ ထူးခြားမှုတစ်ခု အနေနဲ့က မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ အခု လို လှူဒါန်းသွားမယ့်အကြောင်းကို ဟိန်းဝေယံက …

”ကျွန်တော် ဒီနှစ်မွေးနေ့မှာ we love hein wai yan အဖွဲ့နဲ့အတူ အလှူအတန်းတွေလုပ်ပေးဖို့ ကျွန်တော် စဉ်းစားထားပါတယ်။ နောက်ပြီး ဒီနှစ်မွေးနေ့မှာ ကျွန် တော်စဉ်းစားထားတာတစ်ခုက ကျွန်တော် မျက်ကြည်လွှာ နဲ့ ခန္ဓာကိုယ်ကို လှူချင်ပါတယ်။ ဒါကတော့ ကျွန်တော့် ဆန္ဒပါ၊ ကျွန်တော်ကြားမိသလောက်က လျှောက် လွှာတင်ရဦးမယ်။ အားလုံးအဆင်ပြေမှ လှူလို့ရ တယ်လို့တော့ကြားမိတယ်။ ကျွန်တော့်ဆန္ဒက တော့ ကျွန်တော်လှူချင်တဲ့အတွက် ကျွန်တော် ကြိုးစားကြည့်မယ်။ လှူချင်တဲ့ အကြောင်းရင်း ကတော့ ကိုယ့်အသက်မရှိတော့ဘူးဆိုလိုရှိရင် ဒါတွေက ဘာမှသုံးလို့မရတော့ဘူး။ တကယ်ကို လိုအပ်နေတဲ့နေရာမှာ စမ်းသပ်မှုတွေလေ့လာမှု တွေလုပ်ချင်တဲ့နေရာတွေမှာ ကိုယ် လှူလိုက်တဲ့ အလှူဒါနလေးက အသုံး ဝင်သွားတယ်။ အသုံးပြုလို့ရတယ်ဆို ရင် ကိုယ်လည်း ကုသိုလ်ရတယ်” လို့ ပြောပါတယ်။

အခုချိန်မှာ ဘယ်အသက်အရွယ် ရောက်ရှိနေပြီလဲဆိုတာကိုတော့ ခေါင်းထဲမှာ မထည့်ထားတော့ကြောင်း ဖွင့်ဟလာတဲ့ ဟိန်းဝေယံက မွေး နေ့ရောက်တိုင်း တစ်နှစ်နဲ့ တစ်နှစ် စိတ်ခံစားမှုတွေ ပြောင်းလဲသွားမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ …

”ကျွန်တော်က အသက် ၂ဝ ပြည့်ပြီး နောက်ပိုင်းမှာ တော့ အသက်ကို ကျွန်တော်မစဉ်းစားတော့ဘူး၊ မေ့လိုက် ပြီ။ မေ့လိုက်တယ်ဆိုတာက လူငယ်လိုပဲနေချင်တယ်။ အဲဒီအတွက်ကြောင့် အသက်တွေ ဘာတွေ ကျွန်တော် မစဉ်းစားတော့ဘူး။ ဒါပေမဲ့ အခုလည်း အသက်မကြီးသေး ပါဘူး။ ဒီနှစ်မွေးနေ့ကို တအားကြီး ထူးထူးခြားခြား ခံစားရတာတော့ မရှိပါဘူး။ အမှန်အတိုင်းပြောရရင် အရင်ကထက်စာရင် တစ်နှစ်ထက်တစ်နှစ်တော့ သတိ လေးထားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ နေဖြစ် လာတယ်၊ ဒါကတော့ ကိုယ်ထိန်းနိုင်သ လောက်ထိန်းဖြစ်လာတယ်။ အများ ကြီးလည်း မထိန်းနိုင်သေးပါဘူး” လို့ ဟိန်းဝေယံက ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here