တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ၂၈ နှစ်မှသည် နှစ်ပေါင်းများစွာ ဆက်လက် ဖြတ်သန်းနေဦးမယ့် Iron Cross တေးဂီတ၀ိုင်း

0
141

မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး တေးဂီတဝိုင်းဖြစ်တဲ့ Iron Cross ရဲ့ဖြတ်သန်းမှုကာလဟာ ၂၈ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ၂၈ နှစ်တိုင် တစ်သားတည်းဖြတ်သန်းလာခဲ့တဲ့Iron Cross အဖွဲ့သားတွေက ၂၈နှစ် ပြည့်အမှတ်တရကိုတော့ ဧပြီလ ၂၇ ရက်နေ့ ညပိုင်းက အမှတ်တရ ညစာစားရင်း၊ ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောရင်းဖြတ်သန်းဖြစ်ခဲ့ကြပါတယ်။

“ပျော်စရာ ကောင်းတာလေးတွေ ပြန်ပြောပြီး ရယ်ကြတာပေါ့လေ။ ဒါပါပဲ။ နောက်တစ်ခုက ဒီနှစ်မလာနိုင်တဲ့သူတွေရှိတော့ သူတို့တွေရဲ့ အတင်း ပြောပေါ့။ ဒါပါပဲ” လိုIron Cross မှ ဦးကိုကိုလွင်က ပြောပါတယ်။ ဒီနှစ်မှာတော့ အဆိုတော်ကြီးလေးဖြူက ညောင်ဦးရောက်နေသလို ဝိုင်ဝိုင်းကလည်း ထိုင်ဝမ်ရောက်နေပါတယ်။ နောက်ပြီး ကိုဗညားကလည်း စင်ကာပူရောက်နေတယ်ဆိုတော့ သူတို့ ၃ ဦးကတော့ ညစာစားပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။  Iron Cross  ကတော့ မေလထဲမှာ တောင်ကြီးရှိုးပွဲရှိတယ်လို့လည်း သိရပါတယ်။

၂၈နှစ်တိုင် အဖွဲ့သားတွေ စည်းစည်းလုံးလုံးနဲ့ ရှိနေခဲ့လို့လည်း Iron Crossဆိုတာ ယနေ့တိုင် အောင်မြင်နေဆဲ ရှိနေတာပါ။ှုမသည ဃမသျ ပရိသတ်တွေကိုလည်း ဦးကိုကိုလွင်က “အဓိကက အားပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစ်ကိုတို့ကတော့ တစ်နှစ်ပြည့်တိုင်း နောက်တစ်နှစ် သက်တမ်း ထပ်ရှည်ဖို့ ကြိုးစားရမှာပေါ့။ အခုဆိုရင် ၂၈ နှစ်ဆိုတော့ နောက်ထပ် ၂၉ နှစ်တို့၊ နှစ် ၃ဝ ပြည့်တို့ တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့ သက်တမ်းရှည်အောင်ကြိုးစားရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုရအောင် လုပ်ရမယ်။ ဒီအချိန်မှာ အားလုံး ကလည်း အသက်တွေရလာပြီဆိုတော့ နားလည်နေကြပါပြီ။ အဆင်ပြေပါတယ်။ ဒီလိုပဲ အရှည်ကြီး ဖြတ်သန်းမယ်လို့ စဉ်းစားထားပါတယ်။ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here