ဝေဟင်ရှုခင်းတွေခံစား . . . ကျိုက်ထီးရိုးတောင်ပေါ်က ကေဘယ်လ်ကား . . .

0
179

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့နိုင်တဲ့ Kyaik Hti Yoe Cable-Car ဟာ ခရီးသွားရာသီ တွေဖြစ်တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ လာရောက်စီးနင်းသူဦးရေ များပြား ခဲ့ပြီး လက်ရှိနွေရာသီခရီးသွား အ ချိန်မှာလည်း ကျိုက်ထီးရိုးတောင် ပေါ်တက်ရင်း ကေဘယ်လ်ကား လာရောက်စီးနင်းသူတွေလည်း များပြားလျက်ရှိနေပါတယ်။ Kyaik Hti Yoe Cable-Car ကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က တရားဝင်ခွင့်ပြုချက်နဲ့ အတူ ဖွင့်လှစ်ခွင့်ရရှိခဲ့ပေမယ့်လည်း ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂယက်တွေကြောင့် ၃ ရက်နောက် ကျပြီးမှသာ ကေဘယ်လ်ကား စီး နင်းခြင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ရ တယ်လို့သိခဲ့ရပါတယ်။ အရင်ကာလ တွေတုန်းကတော့ အနယ်နယ် အရပ်ရပ်က လာရောက်တဲ့ ဘုရားဖူး ပြည်သူတွေဟာ ကျိုက်ထီးရိုး စေတီ တော်မြတ်ကြီးကို လာရောက်ဖူး မြော်ဖို့အတွက်ကိုသာ အာရုံစိုက်ခဲ့ ကြပေမယ့်လည်း အခုအချိန်မှာ တော့ ကေဘယ်လ်ကားစီးနင်းပြီး ကျိုက်ထီးရိုးရင်ပြင်တော်ကို သွား ရောက်ဖို့ဆိုတာကလည်း ဘုရားဖူး ပြည်သူတွေရဲ့ ဒုတိယဦးစားပေး အစီအစဉ်အထိ အရေးပါလာ နေခဲ့ပြီဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ် တစ်ခွင်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်း ကာလတွေက ကေဘယ်လ်ကားဟာ စိတ်ချရမှုမရှိတဲ့အကြောင်းတရား တွေနဲ့ဆက်စပ်ပြီး ပြောဆိုခဲ့တဲ့ ဂ ယက်တွေလည်းရှိခဲ့ပေမယ့် ကေ ဘယ်လ်ကား စီမံကိန်းကို တာဝန်ယူ တည်ဆောက်ခဲ့တဲ့ ကိုရီးယားနိုင်ငံ သားပိုင် Sky Asia ကုမ္ပဏီလီမိ တက်ရဲ့ မန်နေဂျင်းဒါရိုက်တာ Mr.Cho Ki Hyung က . . .

”လုံခြုံရေးအတွက်နဲ့ အာမခံ ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကေဘယ်လ်ကားဆိုတာ ကမ္ဘာ ပေါ်မှာ မတော်တဆမှုတွေနဲ့ပတ် သက်ပြီး ဖြစ်ပေါ်မှုမရှိသလောက် ပါပဲ။ အထူးသဖြင့် ပြင်သစ်ကုမ္ပဏီက ပြုလုပ်ပေးထားတဲ့ ကေဘယ်လ်ကား တွေဟာ ပိုလို့တောင်မှ မတော်တဆမှု ဆိုတာ မရှိခဲ့ပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကေဘယ်လ်ကားဟာ အခုက ပထမဦးဆုံးဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ စိုး ရိမ်ကြောင့်ကြမှုတွေရှိကောင်း ရှိ နိုင်ပါတယ်။ တရုတ်နိုင်ငံတို့ ဗီယမ် နမ်တို့မှာလည်း ကေဘယ်လ်ကား တွေဟာ အစီးပေါင်းများစွာရှိနေ ပါတယ်။ အဲဒီတော့ ပြောချင်တာက လုံခြုံစိတ်ချရပါတယ်လို့ အသိပေး ပြောချင်ပါတယ်။ အသက်အာမခံ ကြေးကိစ္စကိုလည်း IKBZ နဲ့ သ ဘောတူ လက်မှတ်ရေးထိုးပြီးသား ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ အနေနဲ့ လုံခြုံစိတ်ချစွာနဲ့ ကေ ဘယ်လ်ကားတွေကို စီးနင်းနိုင်ပါ တယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ကေဘယ်လ်ကား စီးနင်းမယ် ဆိုရင်တော့ မြန်မာနိုင်ငံသားတွေ အားလုံးအတွက်က တစ်ဦးကို ကျပ် ၆ဝဝဝ အသွား၊အပြန်လက်မှတ် ပါဝင်ပြီး ကျပ် ၄ဝဝဝ ဆိုရင် ခရီးစဉ် အတက်ဖြစ်ဖြစ်၊ အပြန်ဖြစ်ဖြစ် တစ် ကြောင်းသာ စီးနင်းနိုင်မှာဖြစ်ပါ တယ်။Sky Asia ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင် သန်းကလည်း . . .

”ကျွန်တော်တို့ အနေနဲ့ ကတော့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံစိတ်ချ ရမှုကို အဓိကအရေးထားတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင် ဖွင့်ခွင့်ရတယ်။ ဒါပေမဲ့ မဖွင့်လိုက် နိုင်ပါဘူး။ လုံခြုံမှုအတွက် ပြန်လည် စစ်ဆေးတယ်။ အဲဒီတော့ သတ်မှတ် ရက်နောက်ကျပြီးမှ ဖွင့်နိုင်တယ်။ လုံခြုံမှု မရှိဘူးဆိုတဲ့ ဖေ့စ်ဘုတ်ခ်ပေါ် က စကားတွေဟာ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပြောတဲ့စကားတွေ ဖြစ်ပါတယ်။ ပြင်သစ်က ပညာရှင်အဖွဲ့နဲ့ ကိုရီးယား ပညာရှင် အဖွဲ့တွေလာရောက်ပြီး တော့ စစ်ဆေးပြီးသွားပါပြီ။ ရာနှုန်း ပြည့် အာမခံပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ခရီးသွားမိဘ ပြည်သူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံစိတ်ချမှုများစွာနဲ့ ကေဘယ်လ် ကား တွေကိုလာရောက် စီးနင်း ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

မန္တလေးကနေ ကျိုက်ထီးရိုး စေတီတော်ကို လာရောက်ဖူးမြော်ရင်း ကေဘယ်လ်ကား စီးနင်းဖြစ်ခဲ့တဲ့ လူငယ်အမျိုးသမီးတစ်ဦး ပြောပြတာ ကတော့ . . .

”ညီမတို့ ကုမ္ပဏီကနေ အား လပ်ရက်အနေနဲ့ လာရောက်တာပါ။ တရုတ်ပြည်သွားတုန်းကတော့ ကေ ဘယ်လ်ကား စီးဖူးတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာလည်း အခုလို ကေ ဘယ်လ်ကားရှိနေပြီဆိုတော့ စီး ကြည့်တာပါ။ ပိုရင်ခုန်မိတယ်။ အခု လို ဖွင့်လှစ်လိုက်နိုင်တာကိုပဲ ဂုဏ် ယူနေမိတယ်။ သြော် ငါ့တို့နိုင်ငံတောင် အခြားနိုင်ငံတွေလိုပဲ ယှဉ်ပြိုင်လာ နိုင်ပြီလို့လည်း တွေးမိတယ်”လို့ ပြော ပြခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ နိုင်ငံမှာ ပထမဦးဆုံး ပေါ်ပေါက်လာ ခဲ့တဲ့ Kyaik Hti Yoe Cable-Car ဟာ ကျိုက်ထီးရိုးတောင်ပေါ်ရှုခင်း တွေကို အပေါ်စီးကနေ ရင်ခုန်ဖွယ် ရှုစားနိုင်တဲ့အပြင် တစ်မူထူးခြားတဲ့ အရသာကို ပိုင်ဆိုင်စေတာက အ မှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်Kyaik Hti Yoe Cable-Car ဟာ မနက် ၆ နာရီကနေ ညနေ ၆ နာရီ အထိ ဖွင့်တာမို့ နေထွက်ချိန် နဲ့ နေဝင်ချိန် ရသနှစ်မျိုးလုံးကို ကေဘယ်လ်ကား စီးနင်းပြီး ရင်ခုန် ခွင့်ရချင်ရင်တော့ ကျိုက်ထီးရိုး ရောက်ရင် ကေဘယ်လ် ကား စီးနင်းဖို့အတွက် မမေ့ကြဖို့လို နေပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here