၂၂ နှစ်ပြည့်မွေးနေ့မှာ ချစ်သူ ရဲရင့်အောင် နဲ့ အတူတူ အလှူအတန်းများပြုလုပ်ရလို့ ပျော်ရွှင်နေတဲ့ ဧငြိမ်းဖြူ

0
302

သရုပ်ဆောင် ဧငြိမ်းဖြူက ဧပြီလ ၂၄ ရက် နေ့မှာ ကျရောက်ခဲ့တဲ့ ၂၂ နှစ်ပြည့်မွေးနေ့ မင်္ဂလာ ရက်မြတ်မှာ သန်လျင်ရှိ သဘာဝတရားရိပ်သာမှာ အလှူပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် သဘာဝတရားရိပ်သာမှာရှိကြတဲ့ သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးရွယ်အို အဘိုးအဘွားများ၊ မိဘမဲ့ကလေးများ၊ စိတ်ဝေဒနာရှင်များ၊ ခိုကိုးရာမဲ့ သူများ စတဲ့ လူဦးရေပေါင်း ၃ ထောင်ကျော်အတွက် ဆွမ်း၊ ထမင်းတို့နဲ့ အခြားသော လှူဒါန်းမှုများပြုလုပ် ခဲ့ပါတယ်။ မွေးနေ့မှာ သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ် များနဲ့အတူတူ မွေးနေ့အလှူကိုပြုလုပ်ရသလို ချစ်သူ အဆိုတော် ရဲရင့်အောင်နဲ့လည်း အတူတူ အလှူ အတန်းပြုလုပ်ကာ ကုသိုလ်ယူရတဲ့အတွက် ပျော်ရွှင် ရကြောင်းကို …

“အတူတူ ကုသိုလ်ယူရလို့ပျော် တာပေါ့နော်။ ပြီးတော့ ချစ်သော ပရိသတ်များနဲ့ လည်း မွေးနေ့မှာအတူတူဖြတ်သန်းရလို့ ပျော်ပါတယ်။ ပြီးတော့ ဒီနေရာလေးက အလှူအတန်းတွေတကယ် ကိုလိုအပ်နေတဲ့နေရာလေး။ လူဦးရေ ကလည်းများ တယ်လေ။ အခုတော့ ဒီနေရာလေးမှာ ကိုယ့်ဝင်ငွေ လေးနဲ့ လှူဒါန်းခွင့်ရလို့လည်း ပျော်ရွှင်ရပါတယ်။ ညီမနဲ့အတူ မွေးနေ့မှာ ပရဟိတများလာရောက်လုပ် ကိုင်ပေးကြတဲ့သူအားလုံးနဲ့ မွေးနေ့ဆုတောင်းပေး ကြတဲ့သူအားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်”လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ်

ဓာတ်ပုံ – Amazing Grace

 


LEAVE A REPLY

Please enter your comment!
Please enter your name here