အမျိုးသမီးတိုင်း အတွက် ထိုက်တန်စွာ တန်ဖိုးထား ဝယ်ယူစုဆောင်းရမယ့် Limited Editionနှုတ်ခမ်းနီအသစ် မိတ်ဆက်ပွဲ

0
186

L’Oreal Parisနဲ့ Balmain Paris တို့ရဲ့ ပထမဦးဆုံး Collaboration Limited Edition နှုတ်ခမ်းနီအသစ်မိတ်ဆက်ပွဲကို ဧပြီ ၂၇ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။L’Oreal Paris X Balmain Paris Product Launch ကိုတော့နာမည်ကျော် အနုပညာရှင်များ၊ Influencer များ၊ Makeup Artist များ၊ Designer များနဲ့ Beauty Blogger များလည်း တက်ရောက်ခဲ့ကြပါတယ်။

နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ ဆံပင်အဝါရောင်စတိုင်လေးနဲ့ ပွဲတက်ရောက်ခဲ့ပါတယ်။L’Oreal Paris နဲ့ Balmain Paris တို့ ရဲ့Collaboration Limited Edition နှုတ်ခမ်းနီအသစ်တွေအကြောင်းကိုလည်း သူမက အခုလိုရှင်းပြပေး ပါတယ်။ “ဒီနေ့ကတော့L’Oreal Paris နဲ့Balmain Paris တို့ရဲ့ Collaboration  လုပ်ပြီးတော့ နှုတ်ခမ်းနီ ၁၂ရောင်ကို မိတ်ဆက်ပေးတဲ့ ပွဲလေးဖြစ်ပါတယ်။

ဒီပွဲကတော့ တကယ့်ကှိုSpecial ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Balmain  ရဲ့ ဖက်ရှင်ဒီဇိုင်နာOlivier Rousteing ကိုယ်တိုင် ရွေးချယ်ထားတဲ့ အရောင် ၁၂ ရောင်ဖြစ်ပါတယ်။ Olivier Rousteing ဆိုတာ ကမ္ဘာကျော်ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ပေါ့နော်။ ဒီလိုမျိုး ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတစ် ယောက် လူတိုင်းသုံးနိုင်တဲ့ နှုတ်ခမ်းနီ တောင့်လေး ထုတ်ပေးတယ်ဆိုတော့ နေခြည်တို့လိုမျိုး မိတ်ကပ်ပရော်ဖက် ရှင်နယ် ဝါသနာပါတဲ့သူတွေအတွက် ကတော့ မဖြစ်မနေဝယ်စုရမယ့် နှုတ် ခမ်းနီ Collection ပေါ့နော်။ ဒီပွဲ ကတော့ နေခြည်တို့ မြန်မာပြည်ဈေး ကွက်မှာ ချပြတဲ့ပွဲ လေးဖြစ်ပါတယ်” လို့ နေခြည်ဦးက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here