မကြာခင် လက်ထပ်တော့မယ့် Paris Hilton

0
172

၃၇ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် Paris ဟာ ၃၁ နှစ်အရွယ် သူမရဲ့ချစ်သူChris Zylka နဲ့ လက်ထပ်တော့မယ်လို့သိရပါတယ်။ သူမဟာ မင်္ဂလာဝတ်စုံကိုတော့ စိတ်ကြိုက် မရွေးချယ်ရသေးပါဘူး။ သူမရဲ့ သူငယ်ချင်းတွေကလည်း ဒီဇိုင်နာများဖြစ်ကြတာမို့ သူမမှာ ရွေးချယ်ရ ခက်နေတယ်လို့ သိရပါတယ်။ သူမရဲ့ မင်္ဂလာဆောင်အတွက် သူမဟာ လုပ်စရာတွေ များပြားနေပါတယ်။ နေရာနဲ့အချိန်နဲ့ ရွေးချယ်ရမှာဖြစ်သလို တက်ရောက်မယ့်လူစာရင်း ရွေးချယ်ဖို့ကလည်း သေချာလေး စီစဉ်ရမှာပါ။ ခင်မင်သူအားလုံးကိုတော့ နေရာအခက်အခဲကြောင့် ဖိတ်ကြားသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သူမတို့ နှစ်ဦးဟာ ဇန်နဝါရီလ စေ့စပ်ခဲ့ကြပြီး Paris ဟာHilton Hotel တည်ထောင်သူConrad Hilton ရဲ့မြေးလို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here