Together Festival Yangon 2018

0
77

EDM ပရိသတ်များအကြား အောင်မြင်ခဲ့တဲ့ Together Festival Yangon 2018 ကို မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မေလ ၅ ရက်နေ့ သုဝဏ္ဏဘူမိကွင်းမှာပြုလုပ်မယ့် Together Festival ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုတော နိုဗိုတယ်ဟိုတယ် မှာ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ကျင်းပမယ့်ပွဲမှာ ကမ္ဘာ့ အကောင်းဆုံးနံပါတ်တစ် ဒီဂျေအဖြစ် နှစ်ကြိမ်ရရှိထားတဲ့ နယ်သာလန်နိုင်ငံ သား”ံHardwell” က Main Headliner အဖြစ်လာရောက်မှာဖြစ်ပြီး အခြား နာမည်ကျော် ဒီဂျေများဖြစ်တဲ့ Brohug ၊ GTA ၊ Matisse & Sadko နဲ့ 4B တို့က ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းဒီဂျေများ အနေနဲ့လည်း DOUBLE U၊ OU နဲ့ Aladin တို့ကလည်း အားဖြည့်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။Together Festival Yangon 2018 ဖျော်ဖြေပွဲရဲ့ လက်မှတ်ဈေးနှုန်းများ ကတော့ General Access (GA) ငွေကျပ်နှစ်သောင်းခွဲ၊ Premium Acess(PGA) ငွေကျပ် သုံးသောင်းခွဲနVIP Access(VIP) ငွေကျပ်ခုနစ် သောင်းခွဲဈေးနှုန်းသုံး မျိုး သတ်မှတ်ထားပြီး လက်မှတ်များကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ဝယ်ယူရရှိနိုင်တယ်လို့သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here