သတင်းခေါင်းစဉ်တစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ပိုပို

0
166

အကြောင်းအရာ ကိစ္စတစ်ခုခုဆို ပျံ့နှံ့လွယ်၊ ထိရှလွယ်တဲ့ နည်းပညာခေတ် ဖေ့စ်ဘုတ်ခ် လောကကြီးထဲမှာ ပိုပိုရဲ့သတင်းတစ်ပုဒ်က ချက်ချင်းဆိုသလို လူမှုကွန်ရက်စာ မျက်နှာထက်ဝယ် ပျံ့နှံ့လာခဲ့ပြန်ပါတယ်။ ဂျာနယ်တစ်စောင်က ရေးသားတဲ့ ပိုပို သတင်းမှာ သတင်းခေါင်းစဉ်က လူအများပြောစရာ တစ်ခုဖြစ်လို့လာပါတယ်။ “အိမ်ထောင်မပြုဖြစ်ရင်လည်း သုက်အလှူခံပြီး ကလေးယူချင်ပါတယ်” ဆိုတဲ့ သတင်းခေါင်းစဉ်ကြောင့် အပြောအဆိုခံနေရရှာတဲ့အပေါ် ပိုပို က အခုလို ပြန်လည်ရှင်းလင်းပြောကြားလိုက်ပါတယ်။

“ကျွန်မက တချို့Journalist တွေနဲ့ ခင်မင်တော့ မောင်နှမတွေလို အမြဲနောက်ပြောင်ပြောလေ့ရှိပါတယ်။ Journalist တွေကလည်း ကျွန်မနောက် ပြောင်ပြော တာတွေရှောင်ပြီးအကောင်း ဆုံးရေးသား Interview ထည့်ပေးပါတယ်။ တချို့ Journalist အ တွေကတော့ အိမ်ထောင်ဘယ်တော့ပြု မလဲမေးရင်း ကျွန်မ နောက်ပြောင် ပြောလိုက်တာကို အတည်ရေးသား ထည့်ပေးပါတယ်။ အဲဒီ သတင်းခေါင်းစဉ်မြင်ပြီး ကျွန်မတော်တော် ဆွံအ သွားပါတယ်။ စိတ် အနှောင့်အယှက် တော်တော် ဖြစ်မိပါတယ်။ စိတ်မကောင်း လည်း ဖြစ်မိပါတယ်။ ဒါပေမဲ့ အချိန်တန်ရင် ပြီးဆုံးသွားမှာ ပါပဲ”လို့ ပိုပိုက ရှင်းလင်းပြော ကြားခဲ့ပါတယ်။ လာမယ့် မေလ ၁၆ ရက်နေ့ကတော့ ပိုပို ရဲ့ အသက် ၂၈ နှစ်ပြည့် မွေး နေ့ဖြစ်ပါတယ်။ ပိုပိုက မွေး နေ့မှာလည်း အလှူအတန်း တွေ၊ ကုသိုလ်ကောင်းမှုတွေနဲ့ ဖြတ်သန်းမှာဖြစ်သလို အသက် တစ်နှစ်ကြီးလာတော့ ပိုပြီး ရင့်ကျက်ရတော့မှာပေါ့လို့ လည်း ပြောပြခဲ့ပါတယ်။ မွေးနေ့ကို အလှူ အတန်းတွေနဲ့ ဖြတ်သန်းမှာဖြစ်တဲ့အပြင် ဒါရိုက်တာ ကျော်နှင်းဆီရိုက်ကူးပြီး ထူးခြားနဲ့အတူ သရုပ် ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားလည်း မေလထဲမှာ ထွက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here