စာနာသော စိတ်ထား၊ မွန်မြတ်သောအလှုတွေနဲ့ သဘင်အနုပညာရှင်တွေရဲ့ စုစည်းမှုအား

0
228

ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီး ငြိမ်းသတ်နေကြသော မီးသတ်ရဲ ဘော်များ၊ တပ်မတော်သားများအား အနုပညာရှင်များမှလည်း အစား အသောက်များနဲ့ သောက်ရေသန့် များ၊ လိုအပ်သည်များကို သွား ရောက် လှူဒါန်းခဲ့ကြလျက်ရှိပါ သည်။ အဆိုပါလှူဒါန်းမှုများထဲတွင် သဘင်အနုပညာရှင်များမှလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းလျက်ရှိပြီး သဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီဆိုလျှင် လည်း လှူဒါန်းနေတာ ၂ကြိမ်မြောက် တောင် ရှိခဲ့ပြီဖြစ်သည်။ ထမင်း၊ ရေသန့်ရေခဲ၊ အားဖြည့်အချိုရည် နှင့် ကားများပြင်ရန် အလှူငွေများ အား သွားရောက်လှူဒါန်းခဲ့ကြသည်။

”အမှိုက်ရဲ့အနံ့တွေ မီးခိုးရဲ့ အနံ့တွေနဲ့ အသက်ရှုမဝကြမှာ အ မှန်ပါ။ ညဘက်သွားတာတောင် ရာ သီဥတုက အတော်ပူတာ။ နေ့ဘက် ဆိုမတွေးဝံ့ဘူး။ တော်တော်ပင်ပန်း ကြရှာပါတယ်။ မီးသတ်ပေးတဲ့ မီး သတ်အဖွဲ့ဝင်တွေ လေးစားပါတယ်။ပရဟိတအဖွဲ့တွေကိုလည်း လေးစား ပါတယ်။ မီးအမြန်ဆုးံငြိမ်းဖို့ ဆု တောင်းပါတယ်။ မီးသတ်ပေးနေ သောအဖွဲ့တွေ အားလုးံလည်းဘေး ကင်းပါစေ”လို့ သဘင်မင်းသမီး တင် ဇာမိုးဝင်းက မီးသတ်တပ်ဖွဲ့ဝင်များ နဲ့ မီးငြိမ်းသတ်ပေးနေသော တပ်မ တော်သားများအတွက် စာနာစကား ဆိုသည်။

သဘင်အနုပညာရှင်များအ နေဖြင့်လည်း မီးသတ်တပ်ဖွဲ့ဝင်တွေနှင့် တပ်မတော်သားများကို ကိုယ့်အဖွဲ့ လိုက်နဲ့ ကိုယ်သွားရောက်လှူဒါန်း နေကြတာ အများအပြားပါ။ သီးလေး သီးအဖွဲ့နှင့် ဇွဲအငြိမ့်အဖွဲ့ဆိုရင်လည်း မီးငြိမ်းသတ်နေတဲ့နေရာဆီ ကိုယ် တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ ကြပြန်သည်။ သည့်အပြင် နန်းတော်ရှေ့ ဆရာတင်၏ မျိုးဆက်မင်းသမီးကြီး နန်းခင်မွှေးရဲ့သားဖြစ်တဲ့ သဘင်မင်း သားဘွန်းကလည်း ၄င်း၏ ပရိသတ် တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ ပြန်ပါသည်။

”ကျွန်တော်နဲ့ we love born admins များက လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်ရာနေရာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကျွန်တော် စိုးရိမ်တာက ဒါပြီးရင် နောက်ဆက်တွဲ အမှိုက်ပုံရဲ့ အပူရှိန် တွေ မီးခိုးငွေ့တွေကြောင့် မီးငြိမ်း သတ်သူတွေ ရောဂါဖြစ်ပွားလာမှာကို စိုးရိမ်မိတယ်။သူတို့တွေ တကယ်ပင် ပန်းကြတာပါဗျာ”ဟု သူကလည်း မီး သတ်တပ်ဖွဲ့ဝင်တွေနှင့် မီးငြိမ်းသတ် ပေးနေတဲ့ တပ်မတော်သားတွေအ တွက် စာနာစကားဆိုပါတယ်။ သဘင် အနေနဲ့ မြန်မာ့ယဉ်ကျေးမှု ကိုလည်း နိုင်ငံတကာကသိအောင် ကြိုးစား ဆောင်ရွက်နေကြသလို တိုင်းပြည်၏လိုအပ်မှုတွေမှာလည်း တစ်တပ် တစ်အားပါဝင်ကူညီလုပ် ဆောင်ပေး လျက်ရှိကြောင်းကိုလည်း ယင်းပုံရိပ် တွေက သက်သေခံလျက်ရှိနေပါတော့ သည်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here