စီနီယာ ဒါရိုက်တာတွေက Welcome ဖြစ်လား၊ မဖြစ်လား မသိပါဘူးဆိုတဲ့ ဒါရိုက်တာ အာကာ

0
136

‘ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကားကြီးလည်းရုံတင်ပြသနေပါ ပြီ။ ပရိသတ်တွေမြင်နေကျမဟုတ်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကား မျိုးကို မြင်ရပြီ။ ဒီဇာတ်ကားကို ဖန်တီးသူက ဒါရိုက်တာ အာကာ။ ဆိုတော့ ‘ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကား ထွက်လာ တဲ့အခါ စီနီယာဒါရိုက်တာတွေကကော ဘာတွေပြောကြ သေးလဲလို့ အာကာကိုမေးတော့…

”ကျွန်တော်ကလည်း ရှေ့က စီနီယာဒါရိုက်တာတွေနဲ့ တွဲပြီးတော့ အလုပ်မလုပ်ဖူး သေးဘူး။ ဒီလောကက ကျွန်တော်တို့နဲ့ တအားစိမ်းတယ်ဗျ။ ကျွန်တော်တို့ကသပ်သပ် ကိုယ့် Team နဲ့ကိုယ် ရိုက်ကူးတဲ့အတွက် အပြင်ကလူတွေနဲ့ သိပ်ပြီးတော့အထိအတွေ့မရှိဘူး။ မရှိတဲ့အတွက် ကျွန်တော်တို့က သီးသန့်ကွဲထွက် တဲ့လူတွေလို ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့မှာ Director ၊ DOP ၊ Camera ပစ္စည်းလည်းအစုံဝယ်ထားတယ်။ Edit လုပ်မယ့်သူ၊ Annimation အကုန်လုံးကိုin house မှာခေါ်ထားတယ်။ အပြင်နဲ့ သိပ်အဆက်အစပ်မရှိတော့ သူတို့နဲ့ သိပ်ပြီးတော့ မသိဘူး။ တစ်ခါတလေပွဲမှာတွေ့မှပဲ ဟုတ်ကဲ့ ကျွန်တော်အာကာပါ။ ဒီလောက်ပဲ။ သိပ်ပြီးတော့ စကား မပြောဖြစ်ဘူး။ အဲဒီအတွက် သူတို့က Welcome ဖြစ်လား၊ မဖြစ်လားလည်း မသိဘူး” လို့ သူကပွင့်ပွင့်လင်းလင်း ပဲပြောပါတယ်။

‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက် ပြီး ဆင်ဆာအဖြတ်ခံရသေးလားလို့ ဆက်လက် မေးတဲ့အခါ…

”ဆင်ဆာကို ကျွန်တော်တို့ ၄ ခေါက်ပြန်တင်ရတယ်ခင်ဗျ။ တချို့နေရာတွေမှာ ကြည့်ရှုနေရင်းနဲ့ ရုတ်တရက် အဆက်အစပ်မရှိဘဲဖြစ်သွားတာတို့၊ တချို့အခန်းတွေဖြတ်လိုက်ရတာတို့တွေလည်း ရှိပါတယ်။ တစ်ဆင်းန်လုံးဖြတ် လိုက်ရတာမျိုးတွေလည်းရှိပါတယ်။ ကျွန်တော်တို့ ၄ ခေါက်တင်ပြီးတဲ့အခါမှာတော့ ဘာမှပြဿနာ မရှိတော့ဘဲ ဆင်ဆာဖြတ်ကျော်ခဲ့ပါတယ်”လို့ အာကာက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here