ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ပြိုင်ပွဲများမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ကြ မယ့် အလှမောင်မယ်များ

0
226

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲများမှာ မြန်မာနိုင်ငံ ကိုယ်စားပြုများအဖြစ် သွားရောက်ယှဉ်ပြိုင်ကြမယ့် အလှ မောင်မယ်များ စာနယ်ဇင်းများထံ မိတ်ဆက်အပ်နှံပွဲကို ဧပြီလ ၂၆ ရက် နေ့ နေ့လယ်က City Star ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်ပေး တဲ့ အလှမောင်မယ်များကတော့ Mr & Miss Culture World 2018 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် Mr.Culture World Myanmar ၊ သတိုးအောင်၊Miss Culture World Myanmar နော်သက်မြတ်ဟန်၊ Mr. Culture World Heritage Myanmar ပိုင်ရှားကို၊ Miss Culture World Heritage Myanmar ဆုပိုမိုထက်၊Miss Culture world Charity Myanmar တိမ်လွှာမြင့်မိုရ်တို့ဖြစ် ပြီး မနီလာမြို့မှာပဲ ကျင်းပပြုလုပ်မယ့်Men Of The World 2018 နဲ့Jewel Of The World 2018 ပြိုင်ပွဲတို့မှာ မြန်မာနိုင်ငံ ကိုယ်စား ပြုအဖြစ်စေလွှတ်မယ့် Men Of The World Myanmar 2018 ကောင်း ထက်ဝေနဲ့ Miss Jewel Of The World Myanmar 2018 ပန်းသွေး ကိုတို့ကိုလည်း မိတ်ဆက် ပေးခဲ့ပါတယ်။ ဒီ့အပြင် သီပေါကိုယ် စားလှယ်ပြု စိုင်းတောင်လောကို Charity ပြုလုပ်ရာမှာ ထူးချွန် တာမို့မြန်မာနိုင်ငံအတွက် စွမ်း ဆောင်ပေးနိုင်ဖို့ Mr. Culture World Charity Ambrassador Myanmar အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါ တယ်။ မိတ်ဆက်ပေးခဲ့တဲ့အလှ မောင်မယ် များနဲ့ပတ်သက်ပြီး Mr & Miss Culture World Myanmar Organization ရဲ့ CEO & Founder Rico Louis က …

”ကျွန်တော် ဧပြီလ ၆ ရက်နေ့ က ရန်ကုန်အင်တာနေရှင်နယ်ဟို တယ်မှာ ပြုလုပ်ရွေးချယ်ထားတဲ့ ကလေးတွေကို စာနယ်ဇင်းများထံ အပ်နှံတာပါ။ Culture World အတွက်က ၅ ယောက်ကို ရွေးချယ် ပေးခဲ့တာဖြစ်တယ်။ ကျွန်တော့် အနေနဲ့ နောက်ထပ် Men Of The World ပြိုင်ပွဲအတွက် မနှစ်ကMen Of The World Myanmar 2017 ကောင်းထက်ဝေကို ထပ်မံ ရွေးချယ်ဖြစ်ပါတယ်။Miss Jewel Of The World အတွက်ကိုတော့ ပြိုင်ပွဲဝင် တွေထဲကပဲ မိုးကုတ် ကိုယ်စားပြုပန်းသွေးကိုကိုပဲ ရွေး ချယ်စေလွှတ်မှာပါ။ ကျွန်တော် ၂ဝ၁၅ ခုနှစ်က တည်း Mr & Miss Culture World ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင်စေ ခဲ့တာပါ။ အခုဆို ၄ ကြိမ်မြောက် တောင် ရှိသွားပါပြီ။ စေလွှတ်ယှဉ်ပြိုင်တိုင်း လည်း ဆုတွေ အသီးသီးရရှိလာခဲ့ကြပါ တယ်။ ဒီနှစ်စေလွှတ်ယှဉ်ပြိုင်မယ့် ညီငယ် ညီမငယ်လေးတွေကလည်း ပြိုင်ပွဲ အတွက် အကောင်းဆုံးကြိုးစား နေကြသလို အစဉ်အလာမပြတ် အောင်ဆုတွေလည်း ယူလာနိုင်မယ် လို့ ကျွန် တော် ယုံကြည်ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။ အဆိုပါပြိုင်ပွဲဝင် များက ဖိလစ်ပိုင်နိုင်ငံကို ၅ လပိုင်း ၆ လပိုင်း၊ ၇ လပိုင်းတို့မှာ အသီး သီးသွား ရောက်ယှဉ်ပြိုင်ကြရမှာဖြစ် ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here