Mr. Culture World 2018 ပြိုင်ပွဲ အတွက် သူ့ရဲ့ အားသာချက်များကို သတိုးအောင် ပြောပြ

0
140

လာမယ့် ဇွန်လထဲမှာ ဖိလစ် ပိုင်နိုင်ငံ မနီလာမြို့မှာကျင်းပပြုလုပ် မယ့် Mr.Culture World 2018 ပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံကိုယ် စားပြုအလှမောင်အဖြစ် Mr. Culture World Myanmar 2018 Winner ဆုရှင် သတိုးအောင်ကသွား ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင် ပွဲကာလက ၆ လပိုင်းထဲမှာဖြစ်တဲ့ အတွက် ပြိုင်ပွဲဝင် သတိုးအောင် အနေနဲ့ ပြိုင်ပွဲအတွက် လေ့လာပြင်ဆင်မှုအချိန်က အခုမေလတစ်လတည်းသာရှိနေပါတော့တယ်။ ပြိုင်ပွဲဝင်ချိန်နီးကပ်နေပြီဖြစ်တဲ့အတွက် သူ့အနေနဲ့ ပြိုင်ပွဲအတွက် ပြင်း ပြင်းထန်ထန် ကြိုးစားနေရတယ်လို့ Mister သတိုးအောင်က ပြောပါတယ်။

”ကျွန်တော်က Gym ကို ကောင်းစွာထရိန်းတယ်။ ခန္ဓာကိုယ်ကို လိုအပ် ချက်တွေဖြည့်ဆည်းတယ်။ နောက်ပြီး Knowledged ပိုင်းကိုလည်း ဦးစား ပေးလေ့လာတယ်။ ကျွန်တော်က မနှစ်ကလည်း ဖိလစ်ပိုင်မှာ စကောလား ရှစ်အနေအထား နဲ့သွားပြီး ပညာတော်သင်ထားတယ်ဆိုတော့ သိပ် ထွေထွေ ထူးထူးမရှိဘူး။ ကျွန်တော့်အနေအထားနဲ့ကတော့ Knowledged ပိုင်းနဲ့ Talent ပိုင်းကိုပိုပြီးဦးစားပေးထားပါတယ်။ ဒီ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် အနေအထားနဲ့ကတော့ ကတ်ဝေါ့ ပိုင်းmodeling skill ပိုင်းတွေက တော့အား သာချက်ရှိတယ်လို့ထင်ပါတယ်”လို့ Mr. Culture World Myanmar 2018 သတိုး အောင်က ပြောပြပါတယ်။ သူသွားရာက်ယှဉ် ပြိုင်ရမယ့် ပြိုင်ပွဲက Culture ပြိုင်ပွဲဖြစ်တဲ့အတွက် သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘယ်လို Culture မျိုးကို ပြိုင်ပွဲ မှာချပြသွားမလဲဆိုတာ …

”Culture ဆိုတော့ မြန်မာနိုင်ငံ ရဲ့ Culture ပိုင်းနဲ့ပတ်သက်ပြီး လည်း သေချာလေ့လာထားပါတယ်။ Culture ရဲ့ ခေါင်းစဉ်အောက်နဲ့အညီ မြန်မာ နိုင်ငံရဲ့အလှအပတွေကိုဖော် ထုတ်ပြသသွားမယ်။ ဒီ့အတွက်လည်း အကောင်း ဆုံးလေ့လာပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံဆိုတာကိုလည်း အခုနည်းနည်း သိနေကြသလို ဒီ့ထက်ပိုပြီး ကမ္ဘာကသိလာအောင် လုပ်ပေးခဲ့မှာပါ။ မြန်မာ နိုင်ငံအတွက် အကောင်းဆုံးကြိုးစားခဲ့မှာပါ ”လို့သတိုးအောင်က ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်၊၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here