မနီလာမြို့မှာ ကျင်းပမယ့် Miss Jewel Of The World 2018 ကို သွားရောက် ယှဉ်ပြိုင်မယ့် ပန်းသွေးကို

0
107

Miss Jewel Of The World 2018 ပြိုင်ပွဲကြီးကို မေလ ၂၆ ရက် နေ့ကျရင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံကနေ အလှမယ် ပန်းသွေးကိုက မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် သွား ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ တကယ့်ဖိုင်နယ်ပွဲကြီးက မေလ ၂၆ ရက်နေ့ဆိုပေမယ့် ၁ဝ ရက်တာ ကန့်သွင်း လေ့လာသင်ကြားမှုများပြုလုပ်သွားမှာဖြစ်တဲ့အတွက် အလှမယ် ပန်းသွေးကိုက မြန်မာနိုင်ငံကနေ မေလ ၁၅ ရက်နေ့ မနက်မှာ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာ ရမှာဖြစ်ပါတယ်။ပြိုင်ပွဲအချိန်ကာလက အင်မတန်နီးကပ်နေပြီဖြစ်တဲ့အတွက် ပန်းသွေးကို အနေနဲ့ …

”သွားပြိုင်ရတော့မယ်ဆိုက တည်းကတော့ ညီမလေ့လာ စရာပြင်ဆင်စရာရှိတာတွေကိုတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ပြင် ဆင်လေ့လာထားပါတယ်။ အချိန်နီး ကပ်လာတာနဲ့အမျှတော့ ပြိုင်ပွဲ အတွက် စိတ်လှုပ်ရှားမှုတွေ ရင်ခုန်မှုတွေကြောင့် ကိုယ့်စိတ်ကိုမနည်း ထိန်းချုပ်ထား နေရပါတယ်။ ဒီလို ပြည်ပပြိုင်ပွဲမျိုးကို သွားရောက်ယှဉ် ပြိုင်ရတယ်ဆို တာကလည်း အင်မတန်မှကုသိုလ်ကံကောင်းလို့ပါ။ ဒီ လိုအခွင့်ရေးလေးရခိုက်မှာ ညီမရဲ့လုပ်နိုင်စွမ်းကြိုး စားနိုင်စွမ်းတွေကို အကောင်းဆုံး အသုံးချ သွားမှာ ပါ။ ပြိုင်ပွဲမှာရလဒ်ကောင်းတွေ ရနိုင်အောင် ကြိုး စားသွားမှာပါ။ ဖိလစ်ပိုင်နိုင်ငံမှာကန့်ဝင်နေတဲ့ ရက်အတွင်းမှာလည်း အကောင်းဆုံးကြိုး စား သွားမှာပါ။ ကိုယ့်အတွက် ကိုယ့်မြန်မာနိုင်ငံ မျက်နှာမငယ်ရအောင် ကိုယ့်နိုင်ငံဂုဏ်တက် အောင်ကြိုးစားသွားပါ့မယ်” လို့ပြောပြခဲ့ပါတယ်။

ဒီပြိုင်ပွဲက အလှမယ် ပန်းသွေး ကိုအတွက်ပထမဦး ဆုံးအကြိမ် သွားရောက်ယှဉ် ပြိုင်ရတဲ့ ပြည်ပပြိုင်ပွဲဖြစ် ပါတယ်။ ဒီလို ပြည်ပပြိုင်ပွဲတွေကိုသွား ရောက်ယှဉ်ပြိုင်ခွင့်ရဖို့က လည်း သူမရဲ့ အိပ်မက်စိတ် ကူးတစ်ခုဖြစ်နေတဲ့အတွက် ပြိုင်ပွဲမှာ အရိုးသား ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သူမကြိုး စားသွားမှာဖြစ်ပြီး ဆုတွေရရှိလာဖို့ လည်းမျှော်လင့်ထားကြောင်း ပန်း သွေး ကိုကပြောပြခဲ့ပါတယ်။ သူမအ နေနဲ့ ပြည်တွင်းမှာအလှမယ်ပြိုင်ပွဲ ၃ ပွဲ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီဖြစ် တယ်လို့လည်း သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here