သူငယ်ချင်းများနဲ့အတူ သုဝဏ္ဏသျှံ ဖောင်ဒေးရှင်း တည်ထောင်လိုက်တဲ့ စန္ဒီမြင့်လွင်

0
221

သရုပ်ဆောင်၊ အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့အနုပညာရှင် ညီအစ်ကို မောင်နှမများဖြစ်ကြတဲ့ မိတ်ကပ်ညီညီ မောင်(စမ်းချောင်း)၊ သရုပ်ဆောင်မေကဗျာ၊ Ahtin Ka Ya, Kye Mon Lwin တို့နဲ့အတူ သုဝဏ္ဏသျှံဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အလှူအတန်း၊ သာရေး နာရေးကိစ္စများအတွက် လှူဒါန်း ကူညီမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းဖွဲ့စည်းဖြစ်ပုံနှင့်ပတ်သက်ပြီး စန္ဒီမြင့်လွင်က …

“အဓိကကတော့ အန်တီညီညီမောင်က ဦးဆောင်ပြီးလုပ်တာပါ။ ဒီးဒီတို့က အလှူအတန်းလေး ပြုလုပ် ချင်တယ်ဆိုရင်လည်း ဒီသူငယ်ချင်းတွေစုပြီး အလှူတွေလုပ်လေ့ရှိတယ်။ အခုလည်း သစ်တံခါးကျောင်းတိုက်မှာ အလှူလေးလုပ်ဖို့ စီစဉ်ထားတယ်။ အခုညနေပဲ သွားရောက် လှူဒါန်းမှာပါ။ အဲဒါနဲ့ ငါတို့ ၅ ယောက် လှူတာဆိုတော့ တို့ ၅ ယောက်အဖွဲ့ လေးဖွဲ့လိုက်ကြရအောင် တခြားလှူ ချင်တဲ့လူတွေလည်းပဲ ငါတို့အဖွဲ့ထဲကို လာရောက်အလှူ တွေ ဝင်ပြီးတော့ လှူဒါန်းလို့ရတာပေါ့။ ဒီလိုအဖွဲ့လေးဖွဲ့ လိုက်တော့ ကိုယ်အများကြီးလည်း လှူဒါန်းလို့ရတာပေါ့ ဆိုပြီး အတန်တီညီညီမောင်က ဒီဒီဖောင်ဒေးရှင်းလေး ဖွဲ့ စည်းလိုက်တာ။ ဒီးဒီရဲ့ တာဝန်ကလည်း အပြင်မှာဝိုင်းကူပြီး အလှူငွေခံရမယ်။ သူငယ်ချင်းတွေအားလုံးနဲ့ ပေါင်းပြီး လုပ်ရမှာပေါ့နော်။ ဒီးဒီတို့ သူငယ်ချင်းတွေက တစ်လတစ်ခါ ရယ်လို့တောင် မဟုတ်ဘူး။ တစ်လနှစ်ခါလောက်တောင် မကဘူး။ လိုအပ်တာလေးတွေ အမြဲလှူဒါန်းဖြစ်တယ် အခု ဒီဖောင်ဒေးရှင်းလေး လုပ်ဖြစ်တယ်ဆိုတော့ ပိုလှူဒါန်းဖြစ် သွားမယ်ပေါ့။ ဒီလို သူငယ်ချင်းတွေ ပြုလုပ်ရတဲ့အတွက် တအားပျော်တယ်။ ဝမ်းလည်း ဝမ်းသာတယ်”လို့ ပြောပါတယ်။ သုဝဏ္ဏသျှံဖောင်ဒေးရှင်းလို့ အမည်ပေးဖြစ်တာကလည်း မိဘများကို လုပ်ကျွေးပြုစုနေတဲ့သူတွေ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် သုဝဏ္ဏသျှံလို့ တင်စားကာ အမည်ပေးထား ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူတို့ သုဝဏ္ဏသျှံဖောင်ဒေး ရှင်းအဖွဲ့က မေလ ၄ ရက်နေ့က သစ်တံခါး ကျောင်းတိုက်မှာ အာဟာရဒါနကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ကြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here