၂ ရက်တာ ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာ စာတမ်းဖတ်ပွဲ

0
170

နိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းနုနယ်သေးပြီး ပုဂ္ဂလိကမီဒီယာတွေအနေနဲ့  မြန်မာအကြောင်းကို နိုင်ငံတကာကို ထိုးဖောက်နိုင် တင်ပြနိုင်စွမ်းမရှိသေးလို့ နိုင်ငံပိုင်မီဒီယာတွေ လိုအပ်နေသေးကြောင်း ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ် တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၁) ဟံသာဝတီဦးအုန်းကြိုင်က မေလ ၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် သတင်းမီဒီယာစာတမ်းဖတ်ပွဲမှာ သူကိုယ်တိုင်တင်သွင်းတဲ့ စာတမ်းထဲမှာ ထည့်သွင်း ဖတ်ကြားသွားပါတယ်။ ”မြန်မာ့ ဒီမိုကရေစီနိုင်ငံတော်နဲ့ စတုတ္ထမဏ္ဍိုင်ပီပြင်စွာ ရပ်တည်ရေး” လို့ အမည်ရတဲ့စာတမ်း ဖတ်ပွဲတင်သွင်း ဖတ်ကြားခဲ့တဲ့ စာတမ်းထဲမှာ ထည့်သွင်းတင်ပြသွားတာ လည်းဖြစ်ပါတယ်။ ”ပြန်ကြားရေးဝန်ကြီးကတော့ နိုင်ငံပိုင်သတင်းစာတွေကို ရပ်နားဖို့မရှိဘူးလို့ တရားဝင်ပြောထားတယ်ဆိုတာမှန်ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေကို မြင်သာတဲ့အနာဂတ်မှာ ရပ်နားဖို့ အစီအစဉ်လုံးဝမရှိသေးပါ ဘူးခင်ဗျား။ ဖျက်သိမ်းဖို့လည်း လုံးဝမဖြစ်နိုင်သေးပါဘူး” လို့လည်း ဟံသာဝတီ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒုတိယအကြိမ် သတင်းမီဒီယာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်တိုက်အဆောက်အအုံမှာ ၂ ရက်တာကျင်းပကာ စာတမ်း ၁ဝ စောင်ဖတ်ကြားခဲ့သည်။

ဖြိုးထက်အောင် ၊

ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)


LEAVE A REPLY

Please enter your comment!
Please enter your name here