အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ မရှိပါဘူး သဉ္ဇာနွယ်ဝင်း

0
229

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေနဲ့ အဆက်ဖြတ်ထားပြီး သူမရဲ့ အလှဓာတ်ပုံများကိုလည်း ပရိသတ်များ မမြင်တွေ့ကြရတာ အတော်ပင်ကြာနေပြီဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာအပေါ်မှာ သူမရဲ့ အလှဓာတ်ပုံများကို ပြန်လည်တွေ့မြင်ခဲ့ရတဲ့အတွက် အနုပညာအလုပ်တွေ ပြန်လည်လုပ် ကိုင်နေပြီလားလို့ မေးကြည့်တဲ့အခါမှာတော့ သဉ္ဇာနွယ်ဝင်းက…………….

“ညီမအနေနဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ မရှိ ပါဘူး။ ညီမရဲ့မိသားစုလေးနဲ့ပဲ အေးအေးဆေးဆေး နေထိုင် သွားဖို့ရှိပါတယ်။ ဟိုနေ့က ဖေ့စ်ဘုတ်ခ်ပေါ်မှာတက်လာတဲ့ပုံ လေးတွေက သဉ္ဇာပုံလေးတွေဟုတ်ပါတယ်။ (ရယ်လျက်)။ အရင်က ကလေးမွေးပြီးတော့ လူကတအားဝလာတယ်။ တဖြည်းဖြည်းနဲ့ ဝိတ်ပြန်ကျသွားတယ်။ အဲဒါနဲ့ အလှဓာတ်ပုံ လေးရိုက်ရင်ကောင်းမလားဆိုပြီး စဉ်းစားလိုက်တယ်။ အဲဒါနဲ့ Stylist တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုရိုက်ရင် ကောင်းမလဲဆိုပြီး စဉ်းစားကြတယ်။ နောက်ဆုံးမှာ မဂ္ဂဇင်းတစ်ခုက ကမ်းလှမ်းမှုကလည်း တိုက်ဆိုင်နေ တယ်။ အဲဒါနှဲ့အပူငျအ တွေနဲ့ တိုင်ပင်ပြီး ရိုက်ဖြစ်သွား တာပါ။ တခြားအနုပညာနဲ့ပတ်သက်ပြီး ဘာမှလုပ်ဖို့ မရှိပါဘူး။ တစ်ခါတလေ အလှဓာတ်ပုံလေးတွေ ရိုက် မယ်။ အဲလောက်ပါပဲ”လို့ ပြောပါတယ်။

အိမ်ထောင်ကျသွားပြီးကတည်းက အနုပညာ အလုပ်များကို မလုပ်ကိုင်တော့တာကလည်း မိသား စုကို ပိုပြီးဂရုစိုက်ချင်တဲ့အတွက်ကြောင့် ဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပြရာမှာတော့ “ညီမ အိမ် ထောင်ကျပြီး ကတည်းက အနုပညာအလုပ်တွေကို မလုပ်တော့ဘူးလို့ ကြေညာထားတယ်။ အဲဒါက လည်း ညီမအမျိုးသားနဲ့သားလေးကို အေးအေးဆေး ဆေးအချိန်ပေးချင်လို့ပါ။ သားသားနဲ့ အမျိုးသားနဲ့ ဟာ ညီမအတွက် ၁ဝဝ ရာခိုင်နှုန်းအရေးပါတဲ့သူ တွေပါ။ သားသားလည်း အခုဆို ၆ လပြည့်ပြီ လမ်းတော့မလျှောက်တတ်သေးပေမယ့် သေချာ ဂရုစိုက်ရတာပေါ့။ အမျိုးသားက အလုပ်သွားရင် ကိုယ်နဲ့သားသားနဲ့ပဲ နှစ်ယောက်တည်းကျန်ခဲ့တော့ အိမ်မှာပဲ သူ့ကို ကိုယ်ကိုယ်တိုင်သေချာလေး ဂရုစိုက် ပေးဖြစ်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here