ဒီအချိန်မှာ ပရိသတ်ဖိအား များလာတဲ့ အချိန်ဆိုတာ မှန်ပါတယ်… အကယ်ဒမီလူမင်း

0
64

 

လက်ရှိမှာ ‘ကာဗာ’ လို့အမည်ရတဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးလျက်ရှိနေတဲ့ အကယ်ဒမီလူမင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကစတင်ပြီး ရုပ်ရှင်ရုံပေါ်မှာ အက်ရှင်ဇာတ်ကားတွေတင်မဟုတ်ပါဘဲ ဒရာမာရုပ်ရှင်တွေကအစ မှေး မှိန်ခဲ့ရပြီး ဟာသရုပ်ရှင်ဇာတ်ကားတွေချည်းသာ ကြီးစိုးခဲ့ပါတယ်လို့ ဖွင့်ဟပြောလာပါတယ်။”အဓိကအဖြေကတော့ ရှင်း ရှင်းလေးပါပဲ။ ပရိသတ်အားပေးမှုမြင့်မားတဲ့ ဇာတ်လမ်းအမျိုးအစားကို ထုတ်လုပ်သူတွေက ရွေးချယ်ပြီးရိုက်ကူးခဲ့ကြလို့ပါပဲ။ ဒါကလည်း အကြောင်းအရင်းများစွာရှိခဲ့ပါတယ်။ ပရိသတ်ဆိုတာကလည်း ရုပ်ရှင်ကို ရုပ်ရှင်လို ကြေကွဲခံစားပြီးကြည့်ရှုချင် တဲ့ ပရိသတ်တွေ နည်းသွားတာလည်းပါတယ်။ ရုပ်ရှင်ကို အပျော်အနေနဲ့ ကြည့်တယ်။ အားပေးတဲ့ ပရိသတ်တွေ ကိုယ်တိုင်ကိုယ်က သူတို့ရဲ့ဘဝမောပန်းမွန်းကြပ်လာတဲ့ အခါမှာ ခဏတစ်ဖြုတ်ထွက်ပေါက်အဖြစ်နဲ့ လာရယ်မော ခြင်းလို့ လာကြည့်ရှုကြတဲ့ ပရိသတ်တွေလည်းများလာတယ်။ ပရိသတ်ရဲ့ အခြေအနေတွေနဲ့လည်း ဆိုင်ခဲ့တယ်။ အဲ့ဒါကြောင့် လွန်ခဲ့တဲ့နှစ်တွေများစွာက အက်ရှင်ဇာတ်ကားတွေမှ မဟုတ်ပါဘဲ ဇာတ်လမ်းတော်တော်များများ ပျောက်ကုန်ပြီးတော့ ဟာသရုပ်ရှင်ဇာတ်ကားတွေသာလျှင် ကြီးစိုးမင်းမှုသွားခဲ့ရတာပါ” လို့ အကယ်ဒမီလူမင်းက ပြောပြပါတယ်။

အခုအချိန်မှာတော့ ရုပ်ရှင် ကြည့်ပရိသတ်ရဲ့ အနေအထားက လုံးဝကို ပြောင်းလဲလာနေပြီ ဖြစ်တယ်လို့ ထပ်လောင်းဆိုပါတယ်။ “အခုအချိန်မှာဆိုရင် ပရိသတ်တွေဟာ ရုပ်ရှင်ကို ရုင်ရှင်တစ်ခုလို ခံစားပြီးတော့ ရုပ်ရှင်ရသပြည့်ပြည့် အရည်အချင်းရှိရှိ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုတဲ့ပရိသတ်တွေ တိုးပွားလာနေပြီဖြစ်တယ်။ အဲဒီတော့ အရည်အချင်းရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ထပ်မံထွက်ရှိလာဦးမှာ ဖြစ်တယ်။ အစ်ကိုတို့ရဲ့ အနုပညာတွေအထဲမှာ ရုပ်ရှင်အနုပညာဆိုတာ ပရိသတ်နဲ့ တိုက်ရိုက်အချိုးကျပြီးတော့ ဖန်တီးရတဲ့ဟာမျိုးဖြစ်ပါတယ်။ အဲဒီတော့ ပရိသတ်အားပေးမှုများလာတဲ့ ဇာတ်လမ်းအမျိုးအစား၊ ဇာတ်ကား အမျိုးအစားတွေ ပရိသတ်အားပေးမှုများလာတယ်ဆိုရင် အဲဒီလိုဇာတ်လမ်းအမျိုးအစားတွေ အများကြီးထွက် ပေါ်လာမှာဖြစ်ပါတယ်။ အခုပြောင်းလဲလာနေခဲ့တယ်ဆိုတာမှာလည်း အစ်ကိုတို့ သည်ခေတ်အဆက်ဆက် ပြောင်းလဲခွင့်ရသလောက် ပြောင်းလဲပြီး ကြိုးစားလာခဲ့ကြတာဖြစ်ပါတယ်။ ဒီအချိန်မှာ ပရိသတ်ဖိအား များလာတဲ့ အချိန်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လည်း မပြောင်းလဲသေးပါဘူး။ ဘာလို့ဆိုရင် လေးငါးခြောက်နှစ်လောက်ကတည်းက ရိုက်ကူးပြီး ရုံမတင်ရသေးတဲ့ရုပ်ရှင်ဇာတ်ကားတွေ တစ်သီကြီးရှိနေပါသေးတယ်။ အဲ့ဒီတော့ အဲဒီလို အခြေအနေ ကြားထဲကနေပဲ ပရိသတ်တွေရဲ့ အခြေအနေအချိန်အခါနဲ့ကိုပဲ ရုံတင်စနစ်တွေ ပြောင်းလဲပြီးတော့ပဲ ဖြစ်ဖြစ် ရသ လောက်လေးတွေကို ပြောင်းလဲပြီးတော့ အားလုံးကကို ကြိုးစားနေကြမှာပါပဲ” လို့ အကယ်ဒမီလူမင်းက ပြောပြ ခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here