သဘင်အစည်းအရုံး (ဗဟို) ရုံးပိုင်မြေ နေရာရရှိရေးအတွက် နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးစေလိုကြောင်း သဘင် (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် ဖွင့်ဟ

0
347

မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)အနေနဲ့ အခုလက်ရှိအခြေအနေအထိ ရုံးပိုင် မြေနေရာ မရှိသေးပါဘူး။ ဒီ့အတွက်လည်း သဘင် (ဗဟို)အနေနဲ့ အခက် အခဲတွေရှိနေရပြီး ရုံးပိုင်မြေနေရာရရှိဖို့အတွက် သဘင်အစည်းအ ရုံး(ဗဟို)ဥက္ကဋ္ဌဦးဖိုးချစ်က ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မြေနေရာမရရှိသေးတဲ့အတွက် ရုံးဆောက်လုပ်ဖို့အတွက်ကို လုပ်ဆောင်လို့ မရဘဲ မြေနေရာရရှိတာနဲ့ ရုံးဆောက်ဖို့အတွက် လုပ်ဖို့အတွက် ဥက္ကဋ္ဌ ဦးဖိုးချစ်က အစီအစဉ်ဆွဲထားပြီးသားဖြစ်ပါတယ်။

”အစည်းအဝေးတောင်မှ အခန်းကျဉ်းကျဉ်းလေးထဲမှာလုပ်နေရတာလေ။ အဆင်မပြေဘူးလေ။ ကျွန်တော် ဒီကြားထဲမှာကြိုးစားမယ်။ နိုင်ငံတော်ရဲ့ကူညီမှုအပိုင်းကလည်း အများကြီးကိုလိုအပ်ပါတယ်။ ကျွန်တော်တို့က ရုပ်ရှင်လောက်နိုင်ငံအတွက် ပိုက်ဆံရှာပေးချင်မှ ရှာပေးနိုင်မှာလေ။ ဂီတလောကလောက်ရှာပေးနိုင်မှ ရှာပေးနိုင် မှာလေ။ ဒါပေမဲ့ ရိုးရာနဲ့ပတ်သက်တာကိုတော့ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းနေကြတာလေ။ ဒီအပေါ်မှာနိုင်ငံတော် ကလည်း ကျွန်တော်တို့ကို စီးပွားရေးအမြင်တစ်ခုတည်းနဲ့ ကြည့်ပြီးတော့ ကျွန်တော်တို့ကို ဆောင်ရွက်ရင်တော့ အဆင်မပြေဘူး။ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ တန်ဖိုးထားမှုတစ်ခုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှပဲရမယ်” လို့ သဘင်ရုံးနဲ့ပတ်သက်လို့ နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးစေလိုကြောင်းကို သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here