ဒီရဲဂျာ ရုပ်ပြ ကာတွန်းစာအုပ်တွေကို ဗီဒီယိုအဖြစ်ရိုက်ကူးနေတဲ့ သရုပ်ဆောင်မိုးကောင်း

0
419

 

ဒီရဲဂျာကားတွန်းရုပ်ပြကို ဗီဒီယိုအဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ ‘တိမ်ညွန့်စားမည့်…ကျား’ ဇာတ်ကားကို ဧပြီလ ၃ဝ ရက်နေ့က သစ္စာမဏ္ဍိုပ်ထုတ်လုပ်ရေးကနေ ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။

ဒီဇာတ်ကားက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ပြကာတွန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် မူရင်းအရသာမပျက်စီးရအောင် ပုံဖော်ရိုက်ကူးထားတယ်လို့သိရပါ တယ်။ ‘တိမ်ညွန့်စားမည့် … ကျား’ ဇာတ်ကားကိုတော့ ဒါရိုက်တာ မိုးစက်က ရိုက်ကူးထားပြီး သရုပ် ဆောင် မိုးကောင်း၊ ရတနာဖြူဖြူအောင်နဲ့ စိုင်းသီဟတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

”ဒီစာအုပ်က ကျွန်တော်ရော ကိုမိုးစက်ရော သိပ်ကြိုက်တဲ့စာအုပ်ပါ။ အဲဒါနဲ့ ရိုက်ကူးဖို့ ဦးမြင့်ဦးဆီကိုသွားပြီးတော့ ခွင့်တောင်းခဲ့ပါတယ်။ သူကတော့အမှန်အတိုင်းပြောရရင် သူ့ဇာတ်လမ်း တွေကို မရောင်းချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးပြီးရော ရိုက်ကူးမိမှာစိုးလို့တဲ့။ ကျွန်တော်တို့လည်း တောင်းတောင်းပန်ပန်နဲ့ ပြောရပါတယ်။ ကျွန်တော်တို့က ဒီဇာတ်ကိုလည်း ရူးသွပ်ပါတယ်။ ကျွန်တော် တို့လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်နဲ့ ဒီဇာတ်ကိုလည်း မပျက်အောင်ကြိုးစားပြီး ရိုက်ကူး ပေးပါ့မယ်ဆိုပြီးတော့ အာမခံပြီးတော့ ဝယ်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကြိုးစား ပြင်ဆင်ပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ မတော်တဆရိုက်ကူးရေးနဲ့ပတ်သက်ပြီး နေရာအခက်အခဲနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်လေးတွေ ရှိကောင်းရှိသွားနိုင်တယ်။ အဲဒီအတွက်လည်း ခွင့်လွှတ်ပေးပါ လို့။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ရော၊ ဒါရိုက်တာကရော အားစိုက်ထုတ်ပြီးတော့ တတ်နိုင်သမျှ ကြိုးစား ပြီး ရိုက်ကူးခဲ့တယ်ဆိုတာကတော့ အာမခံပါတယ်” လို့ ဇာတ်ကားနဲ့ပတ်သက်လို့ သရုပ်ဆောင်မိုးကောင်းက ပြောပါတယ်။ ဒီဇာတ်ကားက သူပါဝင် ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲမှာ အပင်ပန်းဆုံးဇာတ်ကား ဖြစ်ပြီး ဇာတ်လမ်းကောင်းကောင်းတစ်ခုကို တင်ဆက်မှုကောင်းကောင်းနဲ့ ကြိုးစားပြီး ရိုက်ကူးခဲ့တယ် ဆိုတာကို သိစေချင်တာပဲဖြစ်ကြောင်း ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားကို ကြည့်ရှုကြတဲ့အခါ အက်ရှင် ဇာတ်ကားရဲ့ စိတ်ခံစားမှုသော်လည်းကောင်း ဇာတ်လမ်းကောင်းတစ်ခုကို ကြည့်ရှုနေရသော်လည်း ကောင်း အဲဒီလိုစိတ်ခံစားမှုမျိုး ဖြစ်စေချင်ပါတယ်လို့ သူက ပြောပါတယ်။

သရုပ်ဆောင် မိုးကောင်းအတွက် ဒီဇာတ်ကားကတော့ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ် ဆောင်ရိုက်ကူးတဲ့ ၆ ကားမြောက် ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီရဲ ဂျာရုပ်ပြကာတွန်းစာအုပ်ကိုတော့ ၃ အုပ်ဝယ်ယူထားပြီး နောက်ထပ်ဇာတ်ကားရိုက်ကူးဖို့ ၂ အုပ် ကျန်ရှိသေးတယ်လို့လည်း သိရပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here