အရင်တုန်းကတော့ ရုံဇာတ်ကပြတဲ့မင်းသားတွေကို မခေါ်ရဲ၊ မပြောရဲတာတွေ ရှိခဲ့တယ် သဘင်မင်းသား ၀င်းနောင်

0
209

ဇာတ်သဘင်မှာ ဗလာဇာတ်နဲ့ ရုံဇာတ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ အရင်ကာလတွေတုန်းကတော့ ဗလာဇာတ်နဲ့ ရုံဇာတ်ဆိုပြီး ကွာခြားမှုတွေရှိခဲ့ပေမယ့် အခုခေတ်မှာတော့ ကွာခြားမှုတွေ မရှိတော့ပါဘူးလို့ မန္တလေးမှာ ဗလာဇာတ်က ပြလျက်ရှိပြီး အောင်မြင်နေတဲ့မင်းသားတစ်ဦးဖြစ်တဲ့ မင်းသားဝင်းနောင်က ပြောပါတယ်။

”အရင်တုန်းကတော့ အဲဒီလိုကွာခြားမှုကို ခံစားရတယ်။ အခုကတော့ ကိုဖိုးချစ်ဥက္ကဋ္ဌဖြစ်လာတဲ့ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်ရင်းရင်းနှီးနှီးနဲ့ဖြစ် လာတယ်။ ကိုဆန်းမင်းတို့ ညီလေးဟန်ဇာတို့နဲ့က အားလုံးက တစ်သွေးထဲ တစ်သားထဲ ဖြစ်သွားကြတယ်။ အဲဒီအပေါ် ရင်ထဲမှာလည်း ပီတိဖြစ်တယ်။ အရင်တုန်းကဆိုရင် ရုံမင်းသားတွေဆိုရင် ကြောက်ပြီး ချောင်းကြည့်ခဲ့ရတာ။ ကိုယ်တွေ မပြောရဲမဆိုရဲ မခေါ်ရဲ မသွားရဲမလာရဲပေါ့လေ။ သဘင်သမားအချင်းချင်းကို မကြည့်ရဲလောက်အောင် ကြောက်နေတဲ့ စိတ်တွေရှိတယ်။ ဒီဘက်ခေတ်ကြတော့ ရုံဗလာ မခွဲခြားတော့ဘူးလေ။ ကျွန်တော်တို့သဘင်မှာ ရုံဗလာဆိုတာက ကျွန်တော့်အမြင်ပြောမယ်ဆိုရင် ရုံခါလိုက်တဲ့ သဘောပါပဲ။ တင်ဆက်မှုနဲ့ ဖျော်ဖြေမှုကတော့ တစ်ဦးနဲ့တစ်ဦး မတူနိုင်ဘူး လေ။ ခံယူချက်ခြင်းလည်းမတူဘူး။ အဲဒီအတွက်တော့ ကွဲပြားတယ်။ ရုံအနေ အထားကတော့ ပရိသတ်အားလုံးသိအောင် ပြောရရင်တော့ ကာလိုက်တာ ပါပဲ။ အခုကတော့ ရုံဗလာမကွဲတော့ပါဘူး”လို့ ဇာတ်နဲ့ ဗလာဇာတ်ကွာခြား မှု မရှိတော့ခြင်းကို သဘင်မင်းသားဝင်းနောင်က ပြောပြပါတယ်။ ရုံဇာတ်ဆိုတာကတော့ လေးဘက်လေးတန်ကို အကာအရံနဲ့ ကာထား တာမျိုးကို ရုံဇာတ်လို့ ခေါ်ဝေါ်ပြီး ဗလာဇာတ်ကတော့ ကာထားခြင်း မရှိတာမျိုးကို ခေါ်ဝေါ်ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ရုံဇာတ် ကပြမှု များပြားပြီး မန္တလေးမှာတော့ ရုံဇာတ်ကော ဗလာဇာတ်ပါကပြမှု တွေရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here