၂ဝ၁၆ခုနှစ် အမျိုးသားစာပေဝတ္ထုရှည်ဆုရ ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက်’ စာအုပ်ရေးသူဖတ်သူ စာပေစကားဝိုင်း ကျင်းပ

0
120

စာရေးဆရာညီပုလေးရေးသားတဲ့ ၂ဝ၁၆ ခုနှစ် အမျိုး သားစာပေဝတ္ထုရှည်ဆုရ ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ ရသဝတ္ထုရှည်စာအုပ် ရေးသူဖတ်သူ စာပေစကားဝိုင်းဆွေး နွေးပွဲကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ ၆၂လမ်းရှိ မန္တလေးခရိုင် လူထုနေရာစာဖတ် ခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

”ဒီဝတ္ထုကိုရေးသားရတဲ့ ရည်ရွက်ချက်က စာဖတ်ရှု ပရိသတ်ကို ရသပါတဲ့ဝတ္ထုတစ်ပုဒ်ဖတ်ရှုစေချင်တာပါ။ စာဖတ်သူကို အဆိပ်အတောက်မဖြစ်စေရဘူး။ အနည်းဆုံးတော့ဖျော်ဖြေမှုဖြစ်စေရပါမယ်။ စာဖတ်သူရဲ့ ရင်ထဲရောက် တဲ့ အခါ ခံစားမှုတစ်ခုခု ရစေရမယ်ဆိုတာပါ”လို့ ဆရာညီ ပုလေး က ပြောပြပါတယ်။ စာပေစကားဝိုင်းမှာ ဆရာညီပု လေး၊ ဆရာသိုက်ထွန်းသက်၊ ဆရာအနီမောင်၊ ဆရာဂျိုဇော်နဲ့ ဆရာဇော်ထွန်း(အင်္ဂလိပ် ဘာသာပြန်)တို့ က ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ပါ အကြောင်း အရာတို့ကို ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြတဲ့ မန္တလေးစာပေအနုပညာရပ်ဝန်းမှ စာပေချစ်မြတ်နိုးသူများ က သူတို့ရဲ့အမြင်နဲ့ ခံစားမှုများကို ဆွေးနွေးခဲ့ကြပါတယ်။

ဆရာညီပုလေးနဲ့ ဆရာသိန်းလှိုင်တို့ စကားစမြည် ပြောရင်း ဘဝမှတ်တမ်းတွေ မှတ်တမ်းတင်ခဲ့ကြတာ ကက်ဆက်အခွေပေါင်း သုံးဆယ်ရှိရာမှ အခွေအမှတ်တစ်မှ နှစ်ဆယ့်လေးအထိ ဆရာသိန်းလှိုင်ရဲ့ ငယ်ဘဝနဲ့ နာဂ တောင်တန်းမှာ တာဝန်ထမ်းဆောင်ကျင်လည်ခဲ့ပုံတွေကို အတွဲသုံးတွဲရေးသားပြီး ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြ မြပျားရည်စက်’ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ တာဖြစ်ပါ တယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here