Toxic (အဆိပ်သွေး) ရုပ်သံ ဇာတ်လမ်းတွဲမှာတော့ မတူညီတဲ့ ကာရိုက်တာမျိုး ဗန့်ပုံစံနဲ့ သရုပ်ဆောင်ထားတာ ပရိသတ်တွေ မြင်တွေ့ရမယ့်မြနှင်းရည်လွင်

0
177

အခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသလျက်ရှိနေတဲ့’ နွေကန္တာဦး’ ရုပ်သံဇာတ်လမ်းတွဲမှာ မြနှင်းရည်လွင်က ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီ ဇာတ်ကားထဲမှာတော့ သူမကသူနာပြုမလေး မမိုးသူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြနှင်းရည်လွင်က …

သရုပ်ဆောင်ရပုံအကြောင်း ပြောပြရာမှာတော့ “မမိုးသူကိုတော့ ပရိသတ်တွေ အားပေးကြတာတွေ့ရပါတယ်။ သူနာပြုတွေ အများစုကလည်း အဲဒီခေတ်က သူ့တို့ယူနီဖောင်း အမှန်ကို ဝတ်ဆင်ပေးတဲ့အတွက်လည်း ချီးမွမ်းစကားသံတွေ ကြားခဲ့ရပါတယ်။ ကိုယ့်ကို ဒီဇာတ်ကောင်ဖြစ်တဲ့ မမိုးသူနေရာကို သရုပ်ဆောင်ပေးဖို့ လာကမ်းလှမ်းတဲ့အချိန် အလွန်ပျော်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဝတÄုကိုယ့်ကြောင့်များ ပျက်သွား မလားပေါ့။ အဲဒီစိုးရိမ်စိတ်တော့ ရှိခဲ့တယ်။ ဒါပေမဲ့လည်း လုပ်ကြည့်မယ် ဆိုပြီးတော့ ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ညွှန်းစရကတည်းက ဝသာန်လေချိန် မှန်ကူးကိုလည်း ဖတ်တယ်။ နွေကန္တာဦး ကိုလည်း ဖတ်တယ်။ အဲဒီတော့မှ နှစ်ခုသိအောင်လို့ ဆိုပြီးတော့ပေါ့။ ဝသာန်လေချိန်မှန်ကူးထဲက မမိုးသူဟာ ဘယ်လိုပုံစံရှိခဲ့ တာလည်းဆိုတာကို လေ့လာတယ်။ နောက်တစ်ခုက အရင်ခေတ်ပုံစံတွေကိုလေ့လာရတယ်။ အဲဒီခေတ်က ပုံစံတွေကို ဒီဘက် ခေတ်မှာ သိပ်မသိကြတော့ အတော်လေးကို လေ့လာခဲ့ရတယ်။ စစ်စတာ ပုံစံအမှန်ကို လိုက်လုပ်တယ်။ အဓိကက ကိုယ့်ကြောင့် ဘာမှမထိခိုက်ရအောင် ကြိုးစားခဲ့တယ်။ မမိုးသူနဲ့ မတူမှာကိုပဲ စိတ်ပူခဲ့ရတယ်။ ကိုယ်က အပြင်မှာ အမြဲနောက်ပြောင်နေ တတ်တဲ့သူဆိုတော့ မမိုးသူလိုမျိုး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အတော်လေးကိုကြိုးစားပြီး ဇာတ်ကောင်စရိုက် mood သွင်းခဲ့ရတယ်” လို့ ပြောပြပါတယ်။

သူကိုယ်တိုင် ကာရိုက်တာစုံအောင် ကြိုးစားသရုပ်ဆောင်လျက်ရှိနေပြီး အဓိက ကတော့ ကာရိုက်တစ်ခုတည်းကိုပဲ စွဲသွားမှာ ကြောက်မိတာကြောင့် မတူညီတဲ့ ဇာတ်ကောင်ပုံစံတွေကိုပဲ သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း ပရိသတ်တွေအနေနဲ့ အခု Canal+ မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့ Toxic (အဆိပ်သွေး) လို့ အမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ တော့ မတူညီတဲ့ကာရိုက်တာ တွေကို ကြည့်ရှုခံစားရမှာဖြစ်တယ်လို့ဆိုပါတယ်။ Toxic (အဆိပ်သွေး) ရုပ်သံဇာတ် လမ်းတွဲဟာ ပြင်သစ်လူမျိုးတွေနဲ့ မြန်မာတွေအတူတွဲပြီးတော့ ရိုက်ကူးတင်ဆက်ထားတာတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။

“Toxic(အဆိပ်သွေး) ဇာတ်ကားထဲမှာတော့ မတူညီတဲ့ ကာရိုက်တာဖြစ်တဲ့ ဗန့်ပုံစံနဲ့ သရုပ်ဆောင် ထားတာကို ပရိသတ်တွေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Toxic (အဆိပ်သွေး) ဟာစပြပြီဆိုတာနဲ့ တအား စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့Toxic (အဆိပ်သွေး) ဟာ မြန်မာလူမျိုးဝတ္ထု မဟုတ်ဘဲနဲ့ နိုင်ငံခြားသား ဝတ္ထုတစ်ခုကို ပြန်ပြီးရိုက်ကူးထား တာဖြစ်တယ်။ သူတို့တွေလည်း အများကြီးကြိုးစားအားထည့်၊ အားထုတ်ထားကြပါတယ်။ ပါဝင်ခဲ့သူတွေ အားလုံး စက်အဖွဲ့တွေ အဆုံးအထိကို ကြိုးစားအားထုတ်ထားကြတယ်။ Toxic (အဆိပ်သွေး) ဟာ မြန်မာပြည်မှာ တစ်ခါမှ မခံစားဘူးသေး တဲ့ သည်းထိတ်ရင်ဖို ပုံစံမျိုးကို ရိုက်ကူးတင်ဆက်ထားကြတာဖြစ်ပါတယ်” လို့ မြနှင်းရည်လွင်က ပြောပြပါတယ်။ မြနှင်းရည်လွင်က နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ထပ်ရိုက်ကူးဖို့ရှိပြီး ရိုက်ကူးပြီးသားတွေလည်း ရုပ်သံတွေကနေ ထုတ်လွှင့်ပြသဖို့ ရှိနေတာကြောင့် ပရိသတ်တွေအနေနဲ့ သူ့ကို အားပေးကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here