ကဆုန်လပြည့်နေ့တွင် ဝိသာခါဖောင်ဒေးရှင်းမှ ကလေးများအတွက် စကားပြောပြိုင်ပွဲ ကျင်းပ

0
232

ဝိသာခါဖောင်ဒေးရှင်းက ကလေးများအတွက် စကားပြောစွမ်းရည် ယဉ်ကျေးလိမ္မာဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ဧပြီလ ၂၉ ရက်နေ့၊ ကဆုန်လပြည့်နေ့က ကမ္ဘာ အေးဘုရားမှာ ကလေးများအတွက် စကားပြော ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ကလေးများအတွက် စကားပြောပြိုင်ပွဲ ကျင်းပပေး ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဝိသာခါဖောင်ဒေးရှင်းမှ အတွင်းရေးမှူး -၁ က –

“ဒီလိုမျိုးပွဲလေးတွေကို မနှစ်ကလည်း လုပ်ပေးဖြစ်ပါတယ်။ ကျွန်မတို့ ဝိသာခါဖောင်ဒေးရှင်းအနေနဲ့လည်း ကလေးတွေအတွက် အသက်အရွယ်ကြီး လာရင် လိုအပ်မယ့်လက်မှု ပညာတွေ၊ အတတ်ပညာတွေနဲ့ ကလေးတွေအတွက် ထောက်ပံ့ပေးချင်တယ်။ အဲဒီအတွက်လည်း ကလေးတွေအတွက် စက်ချုပ်သင် တန်းတို့မျိုးစုံပဲ။ သူတို့တွေ လိုအပ်မယ့်အရာတွေအတွက် အကုန်လုံးကို ဖြည့် ဆည်းပေးဖြစ်တယ်။ အခုဆိုလည်း ဒီကဆုန်လပြည့်နေ့မှာ ဗဟုသုတရမယ့် အလုပ်မျိုးတွေ၊ ပြိုင်ပွဲ လေးတွေကို လုပ်ပေးရတဲ့အတွက်လည်း ပီတိဖြစ်တယ်”လို့ ရှင်းလင်းပြောပြပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here