ဇော်ပိုင်၊ ဝေလ၊ ထွန်အိန္ဒြာဗိုလ်စတဲ့ အဆိုတ်ာသုံးဦးရဲ့ တီးဝိုင်းတစ်ခုစီနဲ့ ဖျော်ဖြေခဲ့ကြတဲ့Trio Show

0
261

ဇော်ပိုင်၊ ဝေလ၊ ထွန်အိန္ဒြာဗိုလ် စတဲ့ မြန်မာနိုင်ငံရဲ့ စူပါစတားအဆို တော်သုံးဦး သီဆိုဖျော်ဖြေတဲ့ Trio Show လို့ နာမည်ပေးထားတဲ့ 3× Mini Solo Concerts Show ပွဲကို မေလ ၁ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အဆိုတော်တစ်ယောက်စီရဲ့ မတူညီတဲ့ တီးဝိုင်း၊ စင်မြင့်အပြင် အဆင်တွေနဲ့ ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး မြန်မာနိုင်ငံ ပြုလုပ်နေ ကျ Show ပွဲတွေထက်ဆန်းသစ်မူတစ် ခုလည်း ဖြစ်ပါတယ်။ Trio 3×Mini Solo Concerts Show ပွဲကို ပွဲ စီစဉ်တဲ့ ကုဗ္ပဏီများဖြစ်ကြတ Intelmax, DM-4, NENC, My Music နဲ့ ရွှေစင်စတဲ့ကုမ္ပဏီ ငါးခု က စီစဉ်တင်ဆက် မှာလည်းဖြစ်ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်သက်ပြီး ရွှေ စင်ကုမ္ပဏီမှ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်ထွန်းက ခုလိုပြောပြခဲ့ပါ တယ်။

”ကျွန်တော်တို့ ကုမ္ပဏီ ငါးခုပေါင်းစီစဉ်ဖြစ်တာကတော့ အား လုံးစုစု စည်းစည်း အရည်အသွေးပို ကောင်းအောင်လုပ်ဖို့ရည်ရွယ်ခဲ့တာပါ။ တစ်ချင်း စီလည်း ပွဲတွေအများ ကြီးစီစဉ်တင်ဆက်ပေးနေပါတယ်။ ဒီပွဲလေးကို တော့ မြန်မာဂီတလောကရဲ့ စူပါးစတား အဆိုတော်သုံးဦးက ဖျော်ဖြေမှာဖြစ်ပါ တယ်။ ဒီ Show ပွဲ က အရင်လုပ်နေကျ Show ပွဲတွေနဲ့ မတူတာကတော့ တီးဝိုင်းတစ်ခုတည်း မဟုတ်ပဲ အဆိုတော်သုံးဦး ကိုယ်တီး ဝိုင်းနဲ့ကိုယ်ဆိုတော့Mini Show သုံးခုကို တစ်ပြိုင်တည်း ကြည့်ရသလိုဖြစ်နေမှာပါ”လို့ ကိုစိုးနိုင် ထွန်းက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here