မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ အခြေခံဂီတ သင်တန်းများ ဖွင့်လှစ်

0
294

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ အခြေခံဂီတသင်တန်းများ ကို မေလ ၁၇ ရက်ကနေစတင်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှတ် (၂)၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက် တာမွေမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အခြေခံဂီတသင်တန်း မှာ ဖွင့်လှစ်သင်ကြားပေးမယ့် ဘာသာ ရပ်များကတော့ အဆိုဘာသာရပ် (မဟာ ဂီတ’ခေတ်ဟောင်း’ကာလပေါ်)၊ အတီးဘာသာရပ် (ဂစ်တာ’စန္ဒရား’ စောင်း’ပတ္တလား’မယ်ဒလင် ဂီတ သင်္ကေတ)တို့ကို သင်တန်းကာ လ ၃ လတိတိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလအတွင်း နာမည်ကြီး အနုပညာရှင်များကလည်း လာရောက်ကာ ဟောပြောပွဲများ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းဖွင့်လှစ်ဖြစ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ ပြန်ကြားရေး မှူး ဦးစိုးထွဋ်ခိုင်က

“အန်ကယ်တို့ ဒီလိုသင်တန်းလေးဖွင့်လှစ်ဖြစ်တာက တော့ နွေရာသီမှာ ကလေးတွေအတွက် ပညာလေးလည်းရမယ်။ ပြီးတော့ ဂီတကို စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အဆင်ပြေမယ်။ သင်တန်းကြေးတွေကို လည်း ဘာသာရပ်အလိုက် အတတ်နိုင်ဆုံး သတ်မှတ်ထားပေးထားပါတယ်”လို့ ပြောပါတယ်။ သင်တန်းကာလအတွင်း သင်တန်းဖွင့်ရက်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီ မှ ၁၂ နာရီအထိ တစ်ကြိမ်၊ ညနေ ၁ နာရီမှ ၄ နာရီအထိ တစ်ကြိမ် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here