ဘယ်သူ့ကိုမှ ဝေဖန်ပိုင်းခြားခြင်း မရှိဘဲ မိမိဘဝကို မိမိ အကောင်းဆုံး ရှင်သန်တယ် ချမ်းချမ်း

0
180

ခရီးတွေထွက်တယ်။ ရှိုးတွေ ဆိုတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝ ကိုဖြတ်သန်း တယ်။ ဒါမှပရိသတ်တွေ အားပေးတဲ့ ချမ်းချမ်းပါ။ သူမကို ကြည့်ရတာ ထူးချွန်တဲ့အမျိုးသမီးတစ် ယောက်၊ ထက်မြက်တဲ့အမျိုးသမီး တစ်ယောက်ပုံစံပါပဲ။ သမီးလေး မြမိုးင်္ဂါလေးကိုလည်း မိခင်ကောင်း တစ်ယောက်အနေနဲ့ အကောင်း ဆုံးထိန်းသိမ်းစောင့်ရှောက်နေတယ်။သမီးလေးအခြေအနေရောဘယ် လိုရှိလဲ လို့ ချမ်းချမ်းကိုမေးတော့…..

”သမီးလေးကတော့ အစ်မ ခရီးသွားရင် အစ်မအဖေနဲ့ နေခဲ့ တယ်။ တစ်ခါတလေကျရင် သူ့အဖေ အိမ်မှာ သွားနေတယ်။ ကျောင်းရှိလို့ရှိရင် အစ်မဆီပြန်လာ တယ်။ အစ်မကျောင်းပို့ကျောင်းကြိုလုပ်ပေးတယ်။ သမီးနဲ့နေတာပေါ့” လို့ ချမ်းချမ်းကပြောပါတယ်။ ချမ်း ချမ်းတို့ သားအမိကိုချစ်ကြတဲ့ပရိသတ်တွေလည်း အများကြီး ရှိတယ်နော်။ သူတို့ကို ချမ်းချမ်း အမှတ်တရ စကား တစ်ခုခုလောက် ပြောပေးပါလို့ဆိုတော့…..

”အဓိကကတော့ ဘယ်အရာမှ အဆိုးမရပါ ဘူး။ အားလုံးက ကိုယ့် ဘဝနဲ့ ကိုယ်ရှင်သန်နေ ကြတာပေါ့ နော်။ အဓိကကတော့ သူများဘဝ ထက်စာရင်ကိုယ့်ဘဝကိုယ် ဘယ်လို ကောင်း အောင်လုပ်မလဲ။ ဘယ်လို တိုးတက်ရှင်သန် အောင်လုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားစေချင် တယ်။ လူတိုင်းမှာဘဝရှိတယ်။ အဲဒီအတွက် ကြောင့် အစ်မကတော့ ဘယ်သူ့ကို မှလည်း ဝေဖန် ခြင်းမရှိဘူး။ ပိုင်းခြား ခြင်းလည်းမရှိဘူး။ အစ်မဘဝကို အစ်မအကောင်းဆုံးရှင်သန်တယ်။ အဲဒီအတွက် ကြောင့်မို့လို့အစ်မရဲ့မောင်တွေ၊ ညီမ တွေလည်း အကောင်းဆုံးရှင်သန်နိုင်ပါစေလို့ အစ်မ ဆုတောင်း ပေးပါတယ်” လို့ ချမ်းချမ်းကပြော ပါတယ်။

ချမ်းချမ်းရဲ့ မိုးတွင်းကာလ အ နုပညာ လှုပ်ရှားမှုတွေကတော့… ”အစ်မတို့ Melody World 2007တစ်ဖွဲ့လုံးရဲ့ အခွေသစ် တစ်ခွေလုပ်ဖို့ စီစဉ်နေတယ်။ Pre Union ပေါ့ နော်။ ကိုကိုမောင် အမှတ်တရရော၊ ပြီးတော့ ဆရာကေအေတီရေးပေးထားတဲ့ သီချင်း တွေရောပေါ့။ ပြန်ထည့်မယ်။ ပြီးတော့ Group Song လေးလည်း ပြန်ဆိုဖြစ်မယ်။ ကျန်တဲ့သူတွေကတော့ သီချင်းအသစ်လေး တွေပေါ့။ အဲဒီလိုမျိုးလေးတွေတော့ လုပ်ထား တယ်။ အဲဒီအခွေထွက်ဖို့ရှိတယ်။ သွင်းနေပြီ။ ပြီးတော့ မိန်းကလေး ၅ယောက်အခွေထွက်ဖို့လည်း လုပ်ထား တယ်။ ကြားထဲမှာတော့ အားလုံးကိုကျော် ဖြတ်ရမယ် ကိုခိုင်ထူးရဲ့ သီချင်းခွေလေးမှာ အစ်မသီချင်းလေးတစ်ပုဒ်ပေါ့။ ရွှေလသာ မှ ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကိုပြန်ဆိုပေး ထားပါတယ်” လို့ သူမက ပြောပြပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်း လုပ်မယ်၊ လုပ်မယ်နဲ့ နောက်ရွှေ့နေတာများ ပြီနော်လို့ ချမ်းချမ်းကို မေးတော့ ……

”အစ်မ One Lady Show လေးကို ကျန်ခဲ့တဲ့ နှစ်ကတည်းက လုပ်မလို့။ ဒါပေမဲ့ အစ်မကျန်း မာရေးက သိပ်မကောင်းဘူး။ အဲဒီအ တွက်ကြောင့်မို့လို့ အစ်မကိုယ့် ကိုယ်ကိုယ် Fit ဖြစ်အောင် ပြန်နေတယ်။ လေ့ကျင့်ခန်း တွေလည်း လုပ်တယ်။ အစားအသောက်ပုံ မှန်ပေါ့။ အအိပ်အနေကအစပေါ့။ အစ်မအားလုံးရယ်ဒီဖြစ်တဲ့နေ့ အစ်မ ရဲ့ One Lady Show ကို လုပ်ဖြစ်မှာ ပါ။ သေချာရင်ပြန်ပြောပါ့မယ်” လို့ ချမ်းချမ်းကပြော ပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here