မိသားစုဘဝဖြတ်သန်းမှုနဲ့ သားလေး ရွှေပိုင်ရဲ့ ဝါသနာကို အဆိုတော်ဇော်ပိုင်ပြောပြ

0
187

အဆိုတော် ဇော်ပိုင်ကတော့ လတ်တလောမှာ ထွန်းအိန္ဒြာဗို ဝေလစတဲ့ အဆိုတော်နှစ်ယောက် နဲ့အတူ Trio Show မှာ သီဆိုဖျော် ဖြေခဲ့ပါတယ်။ ဒီ Trio Show ပွဲမှာတော့ အဆိုတော် သုံးယောက်၊ ကိုယ့် တီးဝိုင်းနဲ့ ကိုယ် Idea တစ်မျိုးစီနဲ့ တေးသီချင်းများကို သီဆိုဖျော်ဖြေခဲ့ ကြပါတယ်။ အဆိုပါ Trio Show နဲ့ပတ်သက်ပြီး အဆိုတော် ဇော်ပိုင်ကခုလိုပြောပြခဲ့တာက…

”လာကမ်းလှမ်းလာတာနဲ့ ကျွန်တော် ဒီ Idea ကို ကြိုက်တယ်။ ဒီလိုမျိုး တစ်ခါမှ ဒီမှာမလုပ်ဖူးဘူးလို့တော့ ထင်တာပဲ။ အဲဒါကြောင့် မို့လို့လည်း လက်ခံဖြစ်တာပါ။ ကျွန် တော်တို့သုံးယောက်လုံးကတော့ ခဏခဏတော့ ဆုံဖြစ်ပါ တယ်။ ဒီလို မျိုးသုံးယောက်သီးသန့်မဆိုဖူးတာ တခြား Show ပွဲတွေမှာ ခဏခဏ ဆုံပါတယ်။ ခုဒီပွဲကကျတော့ ကိုယ် သီချင်းနဲ့ ကိုယ် Settings အပြင်အဆင်နဲ့ ကိုယ့်ဝိုင်းနဲ့ ကိုယ်ပဲဆိုတော့ တူတော့မတူကြဘူးပေါ့။ ဒီပွဲကို ကျွန်တော်ကိုယ်တိုင်လည်း ရင်ခုန်ခဲ့ပါတယ်။ ရန်ကုန် ပရိသတ်နဲ့ မဆုံဖြစ်တာလည်း နည်းနည်းကြာ နေပါ ပြီ။ အဲဒီနေ့ကျရင်လည်းလာခဲ့ကြဖို့ ဖိတ်ခေါ်ပါ တယ်။ ပရိသတ်တွေက Messenger ကနေ သီချင်း တောင်းတာတွေလည်း ရှိခဲ့တယ်။ သူတို့ တောင်းထား တဲ့သီချင်းကောင်းလေးတွေကိုလည်း သီဆိုမှဖြစ်ဘဲ သလိုကျွန်တော် သိပ်မဆိုဖြစ်သေးတဲ့ သီချင်းလေး တွေလည်း သီဆိုပေးမှာဖြစ်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

သူကတော့ လတ်တလောမှာ တစ်ကိုယ် တော်တေးစီးရီးအသစ် ထွက်ဖြစ်ဖို့လည်း ပြင် ဆင်နေပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီး နဲ့ ပတ်သက်ပြီး … ”တစ်ကိုယ်တော်တေးစီးရီး အသစ်ကို လုပ်ဖြစ်နေပါတယ်။ တစ် ကိုယ် တော်တေးစီးရီးအသစ်ကတော့ သီချင်းငါးပုဒ် လောက်ရထားပါပြီ။ ဒီနှစ်မကုန်မီ ဒီဇင်ဘာလ လောက် ထွက်ဖြစ်ဖို့ စဉ်းစားထားပါတယ်။ ဒါမှမဟုတ်ရင်လည်း ၂ဝ၁၉ နှစ်ဆန်း ပိုင်း လောက်တော့ထွက်ရှိမှာပါ”လို့ ဇော်ပိုင်က ပြောပြ ခဲ့ပါတယ်။

သူရဲ့ မိသားစုဘဝဖြတ်သန်းမူ နဲ့ သားဖြစ်သူ ရွှေပိုင်ရဲ့ ဝါသနာကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ . . ”ကျွန်တော်တို့ မိသားစုဘဝ ဖြတ်သန်းမှုကတော့ ကျွန်တော်ရယ် ကျွန်တော့်မိန်းမရယ်၊ သားလေးရွှေ ပိုင်ရယ်ပေါ့၊ သုံးယောက်ပေါ့။ ကျွန်တော်တို့နှစ်ယောက်စလုံးက ခရီးတွေ လည်း ခဏခဏ ထွက်နေရတယ်။ နှစ်ယောက်စလုံးကလည်း အလုပ် လုပ်နေကြ တာဖြစ်တဲ့အတွက် သား လေးရွှေပိုင်အတွက် အချိန်နည်း တယ်။ အဲဒီအတွက် အချိန်ရသ လောက်ကို သားအတွက် အချိန်ပေးပါ တယ်။ ရွှေပိုင်လေးကတော့ ခုစာရေး စာဖတ်တာ ဝါသနာပါတယ်။ ဂီတကိုဝါသနာပါတာ ကတော့ သိပ်ပြင်းပြင်းထန်ထန် မတွေ့ရသေး ဘူး” လို့ ဇော်ပိုင်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here