ချစ်ကြိုက်ရတဲ့ ဇာတ်ရုပ်မျိုး သိပ်မကြိုက်ဘူး တိုင်ရွန်

0
207

ကာဗာရုပ်ရှင်ဇာတ်ကားထဲမှာ ဂန်းစတား သူဌေးကြီးရဲ့ သားနေရာ ကနေ ခပ်ကြမ်းကြမ်း ကာရိုက်တာအက်ရှင်တွေနဲ့ သရုပ်ဆောင်နေတဲ့ တိုင်ရွန်က ဝုန်းဒိုင်ကြဲနေရတဲ့ အက်ရှင်ဇာတ်ရုပ်တွေကို အလွန်နှစ်သက် ကြောင်း ဆိုပါတယ်။

”အက်ရှင်ဇာတ်ကားတွေ မှာလည်း မတူညီတဲ့ အပြတွေ ရှိတယ်။ အဲဒီအတွက် အက်ရှင်တွေကိုပီပြင်အောင်အတွက် ကျွန်တော် ဘောက် ဆင် တွေ ထိုးဖြစ်တယ်။ အဲဒါတွေကတော့ ကိုယ်ပိုင်လှုပ်ရှားမှုတွေပေါ့။ ရိုက်ကွင်း ပေါ်ရောက်ရှိသွားတဲ့ အခါကျတော့ ကိုလူကြမ်းတို့ အဖွဲ့တွေက သင်ပြပေး တယ်။ သူတို့တွေက ရိုက်ကွင်းပေါ်မှာ သင်ပြပေးနေလို့သာ အဆင်ပြေပြေ ထိုးနိုင်တာ။ နို့မို့ဆိုရင်မလွယ်ဘူး ”လို့ တိုင်ရွန်က ဆိုပါတယ်။

ဒါပေမဲ့လည်း အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အခါတိုင်း တိုင်ရွန် အားမလို အားမရရှိခဲ့တဲ့ အပိုင်းတွေ အများကြီးရှိခဲ့တယ်လို့ဆိုတယ်။”ဒီလို ဗျာ။အမြင့်ပေါ်ကနေ ခုန်ချရမယ့် အခန်းတွေဆိုရင်လည်း ကိုယ်တိုင်ပဲ လုပ်ပစ်ပလိုက်ချင်တာ။ လူစားလဲတာတွေ မလုပ်ချင်ဘူး။ ထိရင် ထိ။ နာရင် နာသွားပစေဗျာ။ ကျိုးချင်လည်း ကျိုး သွား။ အဲဒီလိုမျိုး လုပ်ချင် နေတာ။ လုပ်ခွင့်ရဖို့ အတွက် လည်း ကြိုးစားနေတယ်။ မျှော်လည်း မျှော်လင့် နေတယ်။ တစ်နေ့ ကျွန်တော် ရအောင် လုပ်မယ်ဗျာ”လို့ တိုင်ရွန်က ပြောပြပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here