PTT Lubricants စက်ချောဆီကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်ကံစမ်းမဲဖွင့်ပွဲ

0
240

၂ဝ၁၈ ခုနှစ်၊ မေလ ၈ ရက် နေ့က PTT Lubricants ၏ မြန် မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် ထွန်းစတားကုမ္ပဏီလီမိတက်မှ PTT Lubricants စက်ချောဆီကို မြန်မာ နိုင်ငံတွင် ဖြန့်ဖြူးရောင်းချခြင်း၊ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သုံးစွဲသူများအတွက် ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကြီးကို ရန်ကုန်မြို့ Novotel Hotel ပြည်ခန်းမ၌ စည် ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။

ပထမဆုအနေဖြင့် Suzuki Ertiga ကားအသစ်ကြီး အပါအဝင် Canda ဆိုင်ကယ်အစီး ၅ဝ၊ LED TV အလုံး ၅ဝ၊ လေအေးပေးစက် အလုံး ၅ဝ၊ Samsung Handset အလုံး ၅ဝ၊ EDVD Player အလုံး ၈ဝ နှင့် အခြားဆုမဲပေါင်းများစွာကို ဝေဝေဆာဆာ ကံစမ်းမဲဖွင့်လှစ်ပေး ခဲ့ပါသည်။

ကံစမ်းမဲဖွင့်ပွဲအခမ်းအနားတွင် PTT Pubilc Company Limited နှင့် ထွန်းစတားကုမ္ပဏီလီမိတက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ PTT Lubricants ကို ဖြန့်ဖြူးရောင်းချပေးပါ သော ထွန်းစတားကုမ္ပဏီလီမိတက် ၏ အရောင်းကိုယ်စားလှယ်ကြီးများ စာနယ်ဇင်း Media များနှင့်အတူ ရွေးချယ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ကံစမ်းမဲဖွင့်ပွဲကို PTT Lubricants Myanmar facebook page မှာလည်း တိုက်ရိုက် Live လွှင့်ခဲ့ပြီး ကံထူးသူများကို အချိန်နှင့် တစ်ပြေးညီ ကြေညာပေးခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here