ငယ်ဘဝအကြောင်းကို မင်သန့်မောင်မောင် ဘာကြောင့်ဇာတ်လမ်းဖွဲ့ ရိုက်ကူးရသလဲ

0
279

ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ကLook At Me(ကျွန်တော့်ကိုကြည့်ပါ)လို့ အမည်ရတဲ့ ဇာတ်လမ်းတိုလေးကို ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်းကတော့ မင်းသန့်မောင်မောင်ကိုယ်တိုင် သူ့ရဲ့ ငယ်ဘဝအကြောင်းကို ဇာတ် ညွှန်းရေးပြီး ရိုက်ကူးတဲ့အပြင် ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်တာကို တွေ့ရပါတယ်။ ဘာကြောင့် မင်းသန့် မောင်မောင်က ငယ်ဘဝအကြောင်းကိုပဲ ရွေးချယ်ရိုက်ကူးသလဲဆိုတာ ကို မေးမြန်းကြည့်တော့ …

”ဒီဇာတ်လမ်းလေးကို ဘာလို့ ကျွန်တော်ရိုက်ကူးချင်သလဲ၊ ရိုက်သ လဲဆိုတော့ ပထမဆုံးက ကျွန်တော့်ကျောင်းရဲ့ Thesis အတွက် ကိုယ့် ရဲ့ဇာတ်လမ်းတိုကို ဇာတ်လမ်းကိုယ် တိုင်ရေးသားပြီး ရိုက်ကူးခဲ့တာပါ။ ကျွန်တော်ရဲ့ ဇာတ်လမ်းက ကိုယ့်ရဲ့ အရင်းနှီးဆုံးဖြစ်ရမယ်။ ကျွန်တော်လည်း ဘဝအတွေ့အကြုံအများကြီးမရှိသေးဘူး။ ကျွန်တော်လည်း ငယ် ပါသေးတယ်။ ကျွန်တော်နဲ့အရင်းနှီးဆုံးက ဒီတစ်ခုပဲဖြစ်တဲ့အတွက် ကြောင့်ပါ။ အခုလည်း အသက် ၂ဝ အရွယ်ပဲရှိသေးတယ်။ ကြိုးစားဖို့ လည်း အများကြီးလိုပါသေးတယ်။ ကျွန်တော်က အခုတော့ ရိုက်ကူးတာ ငါးရက်ရှိပါပြီ”လို့ မင်းသန့် မောင်မောင်ကပြောပြပါတယ်။Look at me ဇာတ်လမ်း တိုမှာတော့ မေသန်းနု၊ ရဲအောင်၊ မေဆူးနိုင်တို့က အဓိကပါဝင်ထားပြီး မင်းသန့်မောင် မောင်ရဲ့ ငယ်ဘဝကိုလည်း အောင်မျိုးနိုင်(ကလေးသရုပ်ဆောင်) က ပါဝင်သရုပ်ဆောင်ထားပါတယ်။လက်ရှိမင်းသန့် မောင်မောင်ရိုက်ကူးနေတဲ့ဇာတ်ကားမှာရော ဖခင်ဆီက ဘယ်လောက် အကူအညီရရှိခဲ့သလဲ၊ ဖခင်ဖြစ်သူနဲ့လည်း ရိုက်ကူးမှု ကွာခြားချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာကို မေးမြန်းတော့ …

”အဖေကတော့ ကျွန်တော့်ကို လာရောက်ပြီး အားပေးတဲ့သဘော ပါပဲ။ ကျွန်တော့်ကို လည်း ရှုတင်မန် နေဂျာအနေနဲ့ ကူညီပါတယ်။ တခြား အရာတွေကိုတော့ သိပ်ပြီး မကူညီရပါဘူး။ ကျွန်တော်ကိုယ်တိုင် ပါဝင် သရုပ်ဆောင်တဲ့အချိန်မှာတော့ Directing လုပ်လို့မရတဲ့အတွက် အဖေက ကြည့်ပေးပါတယ်။ Directing ကတော့ တစ်ယောက်နဲ့ တစ်ယောက်ပုံစံမတူပါဘူး။ ကျွန် တော့်ရဲ့ Directing Style နဲ့ ကျွန် တော့်အဖေရဲ့Directing Style လည်း မတူပါဘူး။ ကျွန်တော်တက် ရောက်သင်ယူနေတဲ့ ကျောင်းက တော့ ကျွန်တော့်ကို ဇာတ်လမ်းပုံစံ တွေပေးပါတယ်။ ဒီဇာတ်လမ်းတွေ အပေါ်မှာမှ ကိုယ့် Style နဲ့ ကိုယ် ဖန်တီးပါတယ်။ အားလုံးက Style တူနေရင်တော့ Special မဖြစ်နိုင်ဘူး လေ။ ဒါကြောင့် ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ်ထွင်တယ်။ ဇာတ်လမ်းဘယ်လိုပြောင်းမလဲဆိုတာကို သင်ယူခဲ့တယ်။ အဖေ့ဆီ ကလည်း အရင်ကတည်းက သင်ယူတယ်။ အခုလည်းသင်ယူစဲပါ”လို့ မင်းသန့် မောင်မောင်က ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here