ချစ်သူက သစ္စာရှိနေရင်ပဲ သဘောကျတဲ့ အေးမြတ်သူ

0
57

သရုပ်ဆောင်အေးမြတ်သူက သူ့မှာ ချစ်သူရှိနေပြီဖြစ်ကြောင်းကို ပရိသတ်များကို မသိုမ၀ှက်ဘဲ ပြောပြထားပါတယ်။ဒါပေမဲ့ သူ့ရဲ့ချစ်သူက သူ့လိုပဲ အနုပညာလောကက သူလား အပြင်လောကက သူလား ချစ်သူက ဘယ်လိုပုံပန်းသဏန်ရှိတယ်။ချစ်သူသက်တမ်း ဘယ်လောက်ရှိပြီဆိုတာ လျှို့ဝှက်ထားနေဆဲပါ။ သူ့ရဲ့ချစ်သူကိုသူသိပ်ချစ်တဲ့ အကြောင်းကိုတော့အေးမြတ်သူက….

“ကိုယ့်အချစ်က တစ်ဖက်သားကို တအားကြီး တင်းကျပ်မှုဖြစ်တဲ့အခါကျတော့ ရေရှည်မှာကျတော့ အဆင်မပြေမှာစိုးလို့ မလျော့မတင်း စောင်းကြိုးတင်းလိုပေါ့နော်။အဲ့လိုမျိုးလေးနဲ့ အေးမြတ်သူတို့ဖြတ်သန်းပါတယ်။အေးမြတ်သူတို့ နှစ်ယောက်က သူကပိုချစ်မယ်ထင်တယ်။သူက ကိုယ့်အပေါ်ပိုဂရုစိုက်တယ်ပိုချစ်မယ်ထင်တယ်။အေးမြတ်သူကတော့ ကိုယ့်အလုပ်နဲ့ကိုယ်လေ။သူလည်း သူ့အလုပ်ကို အလေးထားပါတယ်။ဒါပေမဲ့ အေးမြတ်သူကို ပိုပြီးအချိန်ပေးတယ်” လို့ပြောပြပါတယ်။အခုလက်ရှိ အချစ်ရေးမှာ သူလိုချင်တဲ့ အချစ်မျိုးကို ရရှိထားတာဖြစ်ကြောင်းကိုလည်း…

အေးမြတ်သူက သူ့ချစ်ကိုပဲသဘောကျတယ်။သူချစ်ကိုပဲ ရှာတယ်။အခုရရှိနေတဲ့ အချစ်ကလည်း သူချစ်ပေါ့နော်။အဲဒီအတွက် စိတ်ချမ်းသာရပါတယ် လို့အေးမြတ်သူက ပြောပြပါတယ်။သာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားတဲ့ သူမတို့ရဲ့ အချစ်ပန်းတိုင်ကဘယ်တော့လဲဆိုတော့ “ချစ်သူအားလုံးရဲ့ ပန်းတိုင်ဆိုတာ လှပတဲ့ အနာဂတ်တစ်ခုကို ထုဆစ် ဖန်တီးခြင်းပါပဲ။တစ်ခါတစ်လေ ကျတော့လည်း ဘယ်လောက်ပဲချစ်ချစ် ငွေကြေးအခက်အခဲကြောင့်တို့ မိဘအခက်အခဲကြောင့်တို့နဲ့ အများကြီး ကြန့်ကြာနေတာတွေရှိတတ်ကြတယ်။အဲလိုတွေဆိုတော့ အေးမြတ်သူကတော့ သစ္စာရှိရင်ပဲသဘောကျတယ်။သစ္စာရှိပြီးတော့ သူ့ဘက်ကိုယ့်ဘက် ကူညီကြမယ်။ငှဲ့ကြည့်ကြမယ်။အခြေအနေတစ်ခုကျမှာ သာအေးမြတ်သူတို့လက်ထပ်ကြမယ်။အဲလိုမျိုးဆိုတော့ မင်္ဂလာဆောင်ပြီးမှ ကွဲသွားကြရင် ပန်းတိုင်ကြီးက ပြိုလဲသွားတာမျိုး တွေ အေးမြတ်သူမလိုချင်ဘူး “လို့အေးမြတ်သူကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here