သရုပ်ဆောင် ငှက်ပျောကြော် ကို အိမ်ထောင်ဖက်အဖြစ် ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ စာရေးဆရာမ နေခြည် (တားရော့)

0
588

အသက်အရွယ်ကွာခြားပေမယ့် အချစ်တွေ မကွာခြားကြတဲ့ ဇနီးမောင်နှံကတော့ သရုပ်ဆောင်ငှက်ပျော်ကြော်နဲ့ စာရေးဆရာမ နေခြည် (တားရော့) တို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်မင်္ဂလာပွဲ ပြုလုပ်တဲ့နှစ်ကတော့ ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ပဲဖြစ်ပါတယ်။

အိမ်ထောင်ပြုခါစကဆိုရင် ငှက်ပျော်ကြော်က အသက် ၃၅ နှစ်ဖြစ်ပြီး နေခြည်(တားရော့)ကတော့ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အိမ်ထောင်ဖက်အဖြစ် ဘယ်လိုကြောင့် ရွေးချယ်ဖြစ်ခဲ့လဲဆိုတာကိုတော့ စာရေးဆရာမ နေခြည်(တားရော့)က…

”သူက ကိုယ့်ကို တအားချစ်တာလေ။ ကိုယ့်ကို ချစ်တာပဲ ကြိုက်တာကိုး။ သူက ပုံမှန်ဂရုစိုက်တာထက် ကို ပိုတောင်ပိုတယ်။ အဲဒီတစ်ချက်နဲ့တင် သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်ခဲ့တာပါပဲ။ ကျန်တာတွေကတော့ သိပ်မတွေးဖြစ်ပါဘူး။ငယ်ရွယ်တဲ့အချိန်ဆိုတော့လည်း အချစ်က ရိုမန့်တစ်ဖြစ်တာပေါ့လေ” လို့ ပြောပါတယ်။

ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ ဇနီးတစ်ယောက်ဖြစ်ရတဲ့အခါ အမြဲတမ်းပျော်ရွှင် နေရမှာပဲလို့ ပရိသတ်တွေက တွေးထင်လေ့ရှိကြပါတယ်။ ပရိသတ်တွေတွေးထင်ထား သလို ပျော်ရွှင်ရသလားလို့ ဆက်မေးတဲ့အခါမှာတော့ ”အစ်မစိတ်ညစ်စရာ သိပ် မတွေးတတ်ဘူး။ ဦးငှက်ကလည်း လူရွှင်တော်ဖြစ်တော့ သူကလည်း စိတ်ညစ် တာဆိုရင် သိပ်မခံချင်ဘူး။ ဒါကြောင့် အဆင်ပြေပါတယ်။ အိမ်ထောင်သည်ဖြစ် သွားတဲ့အခါ လမ်းတစ်ခုကို အတူတူလျှောက်လှမ်းရတာပေါ့လေ”လို့ စာရေးဆရာမ နေခြည် (တားရော့)က ဆိုပါတယ်။ မနေခြည် (တားရော့) ကလည်း ဇနီးကောင်း ပီသစွာနဲ့ ခင်ပွန်းသည်ရဲ့အပေါ်မှာ မယားဝတ္တရားကျေပွန်စွာ ဖြည့်ဆည်းပေး နေပြီး သားနှစ်ယောက်အပေါ်မှာလည်း မိခင်တစ်ယောက်အနေနဲ့ အကောင်းဆုံး ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ”သားနှစ်ယောက်အပေါ်မှာ ဘာဖြစ်ရမယ်ဆိုတာတော့ မရှိဘူး။ သူတို့ ဝါသနာပါရာလုပ်ကြပါစေ။ ကိုယ်လည်း ကိုယ်ကြိုက်တာပဲလုပ်ခဲ့တာ ဆိုတော့လေ။ သူတို့ရွေးချယ်တာကောင်းတယ်ဆိုရင် နောက်ကနေ ပံ့ပိုးပေးလိုက် မယ်”လို့ သားနှစ်ယောက်အပေါ် သူ့ရဲ့ ဖြစ်စေလို မှုနဲ့ပတ်သက်လို့ မနေခြည်(တားရော့)က ပြောပါ တယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here