နာမည်ကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်များနဲ့ Blue Mountain Plus အချိုရည်များမိတ်ဆက်

0
204

Asahi Loi Hein Co.,Ltd ရဲ့ Product အသစ်များဖြစ်တဲ့ Blue Mountain Plus အချိုရည်များမိတ်ဆက်ပွဲကို မေလ၇ရက်နေ့ ညပိုင်းက မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်မှာ ဖျော်ဖြေရေး အစီအစဉ်များ ၊ကံစမ်းမဲ အစီအစဉ်များ နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Blue Mountain ရဲ့ Product အသစ်တွေ မိတ်ဆက်တယ်။အဲ့ဒီအတွက် နီနီတို့ မန္တလေးမှာ လာရောက်ပြီး လာရောက်သီချင်းသီဆိုပေးတာပါရှင့်လို့ Performance များနဲ့ ဖျော်ဖြေပေးခဲ့တဲ့ နီနီခင်ဇော်ကပြောပါတယ်။

 

Asahi Loi Hein Marketing မှာ Brand ပိုင်းကိုတာဝန်ယူထားတဲ့ ကိုကျော်စွာမြင့် ထူးကို Blue Mountain ကထုတ်လုပ်တဲ့ အချိုရည်များအကြောင်း မေးမြန်းဖြစ်တဲ့ အခါ…

Blue Mountain ကတော့ ကျွန်တော်တို့ အထက်မြန်မာပြည်မှာ ပေါက်ပြီးသား Brand ပေါ့နော်။ကျွန်တော်တို့ အနေနဲ့ ကလည်း ဈေးကွက် ယှဉ်ပြိုင်မှု အရရော၊အားသာချက်ရှိမယ့် ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ကို Blue Mountain Plus အနေနဲ့ ကျွန်တော်တို့ကစပြီး Launch လုပ်တာပါ။Blue Mountatin Plus ကို ကျွန်တော်တို့ Berry Energy,Iron,Vitamin C ဆိုပြီး ၃မျိုး ခွဲထားပါတယ်လို့ ကိုကျော်စွာမြင့်ကပြောပါတယ်။ဒီပွဲမှာ ဖျော်ဖြေရေး အစီအစဉ်ထဲပါဝင်ခဲ့တဲ့ တေးသံရှင် ဇော်ပိုင်ကလည်း

“ကျွန်တော်ဒီပွဲရောက်တော့ မြည်းစမ်းပြှီးသွားပြီ။တကယ့်ကို အရသာရှိတယ်။နောက်ပြီးတော့ လန်းဆန်းပြီးမှုအပြည့်ရှိတယ်။တော်တော်ကောင်းပါတယ်လို့”သူ့အမြင်ကိုပြောပါတယ်။အဆိုတော် တစ်ယောက်အနေနဲ့ အချိုရည်ကြောက်တဲ့ အထဲမှာ ပါသလားလို့ တေးသံရှင် ချမ်းချမ်းကိုမေးဖြစ်တဲ့အခါမှာတော့

“အစ်မကရေခဲစိမ်ထားတာတော့ မသောက်ဖြစ်ဘူး။ဒါပေမဲ့ တစ်ခါတလေ အလွန်ပင်ပန်းတယ်။Glucose လိုအပ်တဲ့ အချိန်တွေဆိုရင်တော့သောက်ဖြစ်တယ်။ပွဲမရှိဘူးဆိုရင်ပေါ့။ပွဲရှိတယ်ဆိုရင်တော့ မသောက်ဖြစ်တော့ဘူးလို့ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ – ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here