ဇာတ်ကားများများ ရိုက်ကူးဖို့၊ အချစ်မရှာဖို့ အတွက် အောင်လေး ကိုနောက်ကွယ်က တွန်းအားပေးနေတာ ဘယ်သူလဲ

0
573

သူ့ရဲ့ အဓိကမေဂျာက မော် ဒယ်ပါ။ နောက်ပိုင်းမှာတော့ သူက ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးဖြစ် လာတယ်။ သိပ်မကြာသေးခင်တုန်း ကတင် ‘ပိုးကောင်လေးများ’ ဇာတ် လမ်းတွဲမှာ အောင်လေးတစ်ယောက် ပါဝင်သရုပ်ဆောင်ထားသေးတယ်။ ဒါပေမဲ့ သူတို့မှာ ကာရိုက်တာအရ ရွေးချယ်ပိုင်ခွင့်မရှိသေးပါဘူးလို့ သူ က ဆိုပါတယ်။

”အဓိကကတော့ ကျွန်တော့်ကို ကမ်းလှမ်းလာတာကတော့ မျိုးစုံပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ နည်း နည်းဘဝဆန်တဲ့၊ ဒရာမာဆန်တဲ့ ဇာတ်ကားမျိုးတွေကို ကျွန်တော်က တော့ ပိုကြိုက်ပါတယ်။ အဓိကက တော့ ကျွန်တော်တို့မှာ ရွေးချယ်ပိုင် ခွင့်မရှိတဲ့အတွက် ကျွန်တော်တို့ကို ပေးလာတဲ့ကာရိုက်တာပေါ်မှာ တာ ဝန်ကျေအောင်လုပ်ပါတယ်” လို့ အောင်လေးကပြောပါတယ်။ အောင်လေးတို့လို မော်ဒယ်၊ မင်းသားတွေက ခန္ဓာကိုယ်ကို သိပ်ဂရုစိုက်ရတယ် နော်လို့ဆိုတော့…

”ကျွန်တော်ကအားကစားလုပ်တယ်။ဘောလုံးကန်ဖြစ်တယ်။ Gym ဆော့ဖြစ်တယ်ပေါ့ နော်။ ပြီးတော့ ကျွန်တော်အစား အသောက်ကို အဆီရှောင်တယ်။ အသီးအရွက်များများ စားတယ်။ Gym ကို တစ်ပတ်မှာ ၃ ရက်လောက် ဆော့ဖြစ်တယ်” လို့ သူက ဆိုပါတယ်။ အောင်လေး ကို ဇာတ်ကားများများ ရိုက်ဖို့၊ အချစ်မ ရှာဖို့အတွက် တိုက်တွန်းနေတာရှိ ကြောင်းလည်း သိရပါတယ်။ အဲဒါ ဘယ်သူလဲဆို တော့…

”ပရိသတ်တွေ၊ ကျွန်တော့်ရဲ့ We Love တွေပေါ့။ ကျွန်တော့်ကို ဇာတ်ကားများများ ပါဝင်ရိုက်ကူးဖို့၊ အချစ်မရှာဖို့ ကျွန်တော့်ကို ပြောကြ တယ် (ရယ်လျက်)။ အဲဒါ ကျွန်တော် သူတို့စကားနားထောင်တယ်။ အလုပ် အပေါ်ကို ကျွန်တော်ပိုပြီးတော့ စိတ်နှစ်တယ်။ ပိုကြိုးစားဖြစ်ပါ တယ်”လို့ အောင်လေးက ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here