အမေများနေ့မှာ ဂုဏ်ပြုညစာစားပွဲပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

0
240

အကယ်ဒမီများရှင် ဒါရိုက်တာ စင်ရော်မောင်မောင်က မေလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေများ နေ့မှာ အမေများနေ့ကို ဂုဏ်ပြုသော အားဖြင့် အဲဒီနေ့က သုဝဏ္ဏက သူ့ရဲ့နေအိမ်မှာ ဧည့်ခံကျွေးမွေးပွဲလေး ပြုလုပ်ခဲ့ ပါတယ်။ ဒီအခမ်းအနားပွဲလေးရဲ့ အဓိကရည်ရွယ်ချက်က ထာဝရ အမေနဲ့ အကယ်ဒမီဆုရထားတဲ့သူတွေ၊ သူတို့ရပ်ကွက်မှ အိမ်နီးနားချင်းတွေ၊ စိန်ပေါကျောင်းက သူငယ်ချင်းတွေ၊ ရန်ကုန်တက္ကသိုလ်ကသူငယ် ချင်းတွေ၊ ပြီးတော့ ရုပ်ရှင်လောကက သူငယ်ချင်းတွေ၊ မင်းသန့်မောင် မောင် ရှော့ဖလင်ရိုက်တာကို ကူညီပေးခဲ့ကြသူတွေနဲ့ သူတို့ သားဖတွေ လည်း အတူတူရှိနေတဲ့အချိန်မှာ အတူတူပျော်ပျော်ပါးပါးတွေ့ဆုံလို့ ရအောင်လုပ် တဲ့ပွဲလေးဖြစ်ပါတယ်။ အခုလိုမိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံရတဲ့ အတွက် စင်ရော်မောင်မောင်ရဲ့ ရင်ထဲကခံစားမှုကတော့

”နံပါတ်တစ်ကတော့ အမျိုးတွေလာတော့ အမေ့ကို ပိုပြီးသတိရသွား တယ်။ ကျွန်တော့်ကို တစ်တန်းကနေ ဆယ်တန်းထိ သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေကို ကန်တော့တော့ မျက်ရည်ကျတယ်။ သူတို့က အခုချိန် ထိ အသက်ရှင်နေတယ်။ ကျွန်တော့် ကို ချစ်လို့လည်း တကူးတက လာ တယ်။ ကျွန်တော့်ကို ဆုတွေပေးတယ်။ ကျွန် တော့်တပည့်သိန်းအောင် ကလည်း ကျွန်တော့်ကိုကန်တော့တယ်။ အဲဒါလေးကလည်း တော် တော် ခံစားရတယ်။ ပြီးတော့ သား မင်းသန့်လေးက သူ့ရဲ့ရိုက်ကူးရေးမှာ ကူညီ ပေးတဲ့ ကင်မရာမန်းတွေကို ကန်တော့တယ်။ မင်းသန့်ကို သရုပ် ဆောင် အားကိုးရာလေးက ကန်တော့တယ်။ ဒီဖြစ်စဉ်တွေဟာ မြန်မာရိုးရာ ဓလေ့ထုံးစံမှာ ရုပ်ရှင်လောကထဲမှာ အဲဒါတွေက ရှင်သန် နေတယ်ဆိုတာ တအားဝမ်းသာဖို့ကောင်းပါ တယ်”လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပြပါတယ်။ အမေများနေ့ အတွက်ဂုဏ်ပြုပွဲပြု လုပ်ရင်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး အတွက် …

”ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေဟာ ကိုယ့်သားသမီးအားလုံးကို ချစ် တယ်။ ကိုယ်ကပဲ ကျွေးတယ်မွေးတယ်။ ကိုယ်ဒုက္ခရောက်တဲ့အချိန် မှာလည်း သိပ်အကူအညီမတောင်းဘူး။သားသမီးတွေကိုချစ်ရင်းချစ်ရင်း နဲ့ ကိုယ့်ကိုယ်ချစ်ဖို့ မေ့နေတဲ့ အမေတွေအတွက် ဒီလိုအချိန်အခါမှာလေ အမေ့ကိုသတိရလိုက်ပါ။ အမေ့ကွှိုေုန ခမေန လုပ်လိုက်ပါ။ အမေ့ကို နွေး နွေးထွေးထွေးလေးနေလိုက်ပါ”လို့ဒါရိုက်တာ စင်ရော်မောင်မောင်က အမေ များနေ့အတွက် ဆုတောင်း စကားပြောပါတယ်။ အမေများနေ့ ဂုဏ်ပြုပွဲ အခမ်းအနားမှာဆိုရင် ဒါရိုက်တာ စင်ရော်မောင်မောင်က သူ ရရှိထားတဲ့ အကယ်ဒမီရွှေစင်ရုပ်တု ၆ ဆုကိုလည်းခင်းကျင်းပြသထားတာ ကိုတွေ့ရပါ တယ်။ နောက်ထပ်ကော အကယ်ဒမီဆုဘယ်လောက် ဆွတ်ခူးဖို့ ရည်မှန်း ထားသေးလဲဆိုတော့ စင်ရော်မောင်မောင်က …

”ဘဝမှာ ဒီနေရာထိရောက်ရှိဖို့ကလေ နှစ်ပေါင်းတော်တော်ကြာပါ တယ်။ ဒါရိုက်တာကြီး ဆရာ ဦးတင်ဦးတို့ ဘဘဦးသုခတို့ရဲ့ သင်ကြား ပေးမှုတွေ အဲဒီကြားထဲမှာနေပြီးတော့ ကျွန်တော်တို့ ဖလင်ကိုရစ်ချီရတယ်။ဆေးသားခွဲကြည့်ရတယ်။အသံတွေ ပါးစပ်ပေါက်ကို ကပ်ရတယ်။ မြူးဇစ် တွေကို မှားရင်ပြန်ပြန်တီးရတယ်။တစ်ထစ်ပြီး တစ်ထစ်ကြိုးစားခဲ့ရ တယ်။ သူများတွေထက်ပိုပြီး အလုပ် တွေ လုပ်ခဲ့ရတယ်။ လွယ်လွယ်နဲ့တော့ ဒီလိုအောင်မြင်မှုတွေမရကြဘူးလေ။ ဒီနေ့ရောက်ရှိနေတဲ့ နာမည်ကြီး ဒါ ရိုက်တာတွေ နာမည်ကြီးမင်းသား မင်းသမီးတွေကိုမေးကြည့်ပါ။ သူတို့ ဘဝမှာ အများကြီးပေးဆပ်ခဲ့ရတာ။ အကုန်လုံးကိုမေးကြည့်ပါ။ ဘာပဲဖြစ် ဖြစ် အသက်အရွယ်လည်း ကြီးလာပြီးနောက်တက်လာတဲ့ ကလေးတွေကို နေရာပေးရမှာပါ။ နေရာပေးဖို့လည်းအဆင်သင့်ပါ”လို့ ပြောပြပါတယ်။အခုချိန်မှာ ဒါရိုက်တာပညာကို လေ့လာသင်ယူနေတဲ့ သားလေး မင်း သန့်မောင်မောင်ကိုလည်း ဖခင်ခြေ ရာကို နင်းနိုင်ရုံမက အဖေ့ထက် ကျော်လွန်တဲ့သားလေးတစ်ယောက် ဖြစ်စေချင်တယ်လို့ ပြောပြပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here