ကျိန်စာသင့်မိုး

0
135

ထွန်ရေးကြောင်းတွေဟာ
ဖုန်တထောင်းထောင်းနဲ့
သူ့ရဲ့ အနာဂတ်ကောင်းစေဖို့
မိုးဆိုတာကို မျှော်လင့်တယ်။
စိတ်ကြီးဝင် ဘဝင်မြင့်လွန်းတဲ့ မိုးဟာ
အပူခံပင်တွေကို နှိပ်စက်
ရေများရာကိုမှ မိုးရွာ
သွေ့ခြောက်နေတဲ့ ထနောင်ပင်တန်းဟာ

ကမ္ဘာကြီး နာဖျားနေတာကို ပြတယ်။
သဘာဝတရားဟာ ရက်စက်ပေမယ့်
မိုးနည်းရပ်ဝန်းဒေသဟာ
သွေ့ခြောက်မှုတွေနှင့်
နေသားတကျ ရှိခဲ့ပြီးသား။
မရွာချင်လည်းနေပေါ့ မိုး
ကိုယ့်သဘာဝနဲ့ ကိုယ် နေတတ်တယ်။

မာအိမ်နှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here