အချစ်ရေးထူးခြားရင် ပရိသတ်ကိုအရင်ဆုံး အသိပေးမှာပါ အိန်ဂျယ်လမုန်

0
201

သရုပ်ဆောင် ပိုင်တံခွန်နဲ့ ချစ်သူတွေပါဆိုတဲ့ အကြောင်းအရာတွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့သွားခဲ့ဖူးတဲ့ မော်ဒယ်လ် အိန်ဂျယ်လမုန်ရဲ့ အချစ်ရေးက လတ်တ လောမှာ လှုပ်လှုပ် ရှားရှားဖြစ်ပေါ်နေပြီလား။

ချစ်သူကိုရော ပရိသတ်တွေပါ သိအောင် အသိပေးမလားဆိုတာတွေ ကို မေးမြန်းကြည့် တဲ့အခါ …

“အိန်ဂျယ်ရဲ့ လက်ရှိအချစ်ရေး ကတော့ အခုအေးဆေးပါပဲ။ မရှိ သေးဘူးပေါ့။ ကိုပိုင်တံခွန်နဲ့တုန်းက လည်း ပြဿနာကြီးသွားတယ်။ အိန် ဂျယ်ရဲ့ ပရိသတ်တွေရော၊ သူ့ရဲ့ ပရိ သတ်တွေရော ဝိုင်းပြောကြတယ်။ နောက်ပြီး  Fan အချင်းချင်းတွေ မတည့်ကြတော့ဘူး။အဲဒီအချိန်တုန်း ကလည်း နှစ်ယောက်သားက ခရီး အတူတူ သွားဖြစ်တာလည်း ပါတော့ ပြဿနာတွေ အများကြီး တော့ ဖြေ ရှင်းလိုက်ရတယ်။ တကယ် လို့ ချစ်သူရှိလာရင်လည်း ပရိသတ်ကို ညီမက အရင်ဆုံးအသိပေးမှာပါ။ နောက်ပြီး ညီမက တိုးတိုးတိတ်တိတ်ပဲ နေတတ် တဲ့သူ။ အချစ်ရေးအကြောင်းအရာကို တော့ ပြောပြမယ်။ ဒါပေမဲ့ဘယ်သူ ဘယ်ဝါဆိုတာတော့ မပြောချင်ဘူး။ ညီမရဲ့ ချစ်သူက ဘယ်သူဖြစ်သလဲ ဆိုတာ မပြောတတ် ဘူး။ ဒါကြောင့် သူ့ရဲ့Personal ကိုလည်း မထိခိုက် စေချင်ဘူး။ ကျန်တာကတော့ တိုင် တိုင်ပင်ပင်ပဲ ရှေ့ဆက်မှာပါ”လို့ အိန် ဂျယ်လမုန်က ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

လက်ရှိအိန်ဂျယ်လမုန်ရဲ့ အနု ပညာလှုပ်ရှားမှု အသစ်တွေကိုတော့ သိပ်မမြင်တွေ့ရဘဲ ကျဲပါးနေတာကို တွေ့ရပါတယ်။ မော်လ်ဒယ်တစ် ယောက်အပြင် နောက်ပိုင်း မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရပ်တည်သွား ချင်တယ်ဆိုတဲ့ အိန်ဂျယ်လမုန်က …

“အိန်ဂျယ်ဘက်ကအနုပညာအလုပ်ကို တအားလုပ်ချင် လည်း လာငှားမှပဲ ရိုက်ရတာဆိုတော့စောင့် ရတာပေါ့နော်။ နောက်ပြီး အခု နောက်ပိုင်းမှာက ရှိုးပွဲတွေလည်း ကျဲလာတာပါတယ်။ အရင်ကဆို ရှိုး ပွဲက တစ်လကို သုံးလေးခေါက် လောက်လျှောက်ရတယ်။ အခုက အသစ်တွေလည်းများလာတာလည်း ပါပါတယ်။ ဒါပေမဲ့လည်း အိန်ဂျယ်က အခုရနေတဲ့ နေရာကိုလည်း ကျေ နပ်ပါတယ်။ လူဆိုတာ လောဘကတော့ အတော မသတ်နိုင်ကြဘူး။ အိန်ဂျယ်ပဲ ကံမကောင်းတာပဲလားတော့ မသိဘူး။ ဒါပေမဲ့ ရောင့်ရဲရ တာပေါ့နော်။ အိန်ဂျယ်ဖြစ်ချင်တာကတော့ သရုပ်ဆောင်ပါ။ ဒါကြောင့်လည်း နောက်ပိုင်းဇာတ်ကားတွေ လက်ခံရိုက်ကူးသွားဖို့ရှိ တယ်။ အခုလည်း လာကမ်းလှမ်းတာတွေ ရှိပါတယ်”လို့ ပြောပြပါ တယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here