“သားသမီးတွေကိုဆုံးမတဲ့နေရာမှာစကားနဲ့ပဲ နားလည်အောင်ပြောတယ်” လို့ပြောတဲ့ ဟာသ သရုပ်ဆောင်လူရွှင်တော်အောင်သော်

0
165

ဟာသ သရုပ်ဆောင် လူရွှင်တော်အောင်သော်ရဲ့ သမီးခေးကတော့ သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်လာ ပြီဖြစ်ပါတယ်။ အနုပညာလောကထဲ ဝင်ရောက်လာတဲ့ သမီးဖြစ်သူအပေါ်ရောဘယ်လိုမျိုးပံ့ပိုးမှုတွေရှိလဲလို့ မေးကြည့် တဲ့ အခါမှာတော့ အောင်သော်က…

”သမီးလေးအနုပညာလောကထဲကို ဝင်ရောက်တဲ့အချိန်မှာ ကျွန်တော် ဘာမှ မပံ့ပိုး ဖြစ်ပါဘူး။ သူဝါသနာပါတဲ့ အလုပ်ကို သူ့ဘာသာရပ်တည်ဖို့က ပိုအရေးကြီးတယ်လေ။ အခုဆိုလည်း သူရိုက်ကူးထားတဲ့ ကားလေးတွေလည်း ရှိနေပြီ။ ပိုင်ဖြိုးသုနဲ့ ဘယ်သူ့အဖေခေါ်ရမလဲ ဇာတ်ကားပေါ့။ မင်းသား ၅ လက်နဲ့ ကိုရဲအောင်ရယ်၊ ကိုရန်အောင်ရယ်၊ ကိုလူမင်းရယ်၊ ကိုလွင်မိုးရယ်၊ အောင်ရဲထိုက်ရယ်ပေါ့။ အောင်ရဲထိုက်ရဲ့ ညီမနေရာမှာ သရုပ် ဆောင်စလုပ်တာပေါ့ အခုဒီသူ့ထက်ကဲဇာတ်ကားမှာတော့ မင်းမော်ကွန်းရဲ့ ညီမနေရာက သရုပ်ဆောင်ရတာပေါ့။ ၂ ကားတော့ ရှိသွားပြီ။ သူဒီလိုမျိုး အနုပညာအလုပ်တွေ လုပ်တာလည်း ကျွန်တော့်အရှိန်အဝါနဲ့မဟုတ်ဘူး။ သူဇာတ်ကားရိုက်ကူးနေလည်း ကျွန်တော်သွားမကြည့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သွားကြည့်တော့ သူ့ကိုဆူတာ၊ ငေါက်တာတို့ရှိရင် သူ့စိတ်ထဲမှာ အော် ငါ့အဖေကြည့်နေတယ်ဆိုပြီးဖြစ်မှာစိုးလို့ သွားမကြည့် ဘူး။ အဝေး မှာပဲနေတယ်။ သူ့ဘာသူ ဆရာနဲ့ ဆူဆူပြောပြော ကိုယ့်အလုပ်မဟုတ် တော့ဘူး။ ရိုက်ကွင်း ထဲ ရောက်သွားရင် ဆရာရဲ့တာဝန်ဖြစ်သွားပြီ။ ဆရာ့ကိုပဲ အကုန်အပ်ထားလိုက် တယ်။ ဆရာကျော် ဇောလင်းကို တစ်ခါတည်း အပ်လိုက်တယ်။ ဆရာကျွန်တော့်ကို သားလိုချစ်သလို၊ ကျွန် တော့်သမီး လေးကိုလည်း မြေးလိုချစ်ပေးပါပေါ့။ အဲဒီတော့ ကိုယ်လည်းအနားမကပ်တော့ဘူး။ သူ့ဘာ သူဆူဆူငေါက်ငေါက် ကိုယ့် အလုပ်မဟုတ်တော့ဘူး။ ကိုယ်က အဲဒီလို နောက်ကလိုက်ပြီး လုပ်ပေးနေရင် သူအဲဒီလောက်တတ်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ သူ့ကို ပံ့ပိုးဖြစ်တဲ့ အပိုင်းကို သပ်သပ်ပဲထားထားပါတယ်”လို့ ပြောပါတယ်။

သားနဲ့သမီးတို့ကို သွန်သင်ဆုံးမတဲ့ အပိုင်းကို မေးကြည့်တဲ့အခါမှာတော့ အောင်သော်က ”ကိုယ်က ဟာသ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအပေါ် စကားလုံးတွေ ကြမ်းကြမ်းတမ်းတမ်းလည်း မပြောဘူး။ ရိုက်လည်း မရိုက်ဘူး။ စကားနဲ့ ပဲ သူတို့ကို နားလည်အောင် ပြောပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကို တို့ ရှင်သန်ခဲ့ရတဲ့ ဘဝတစ်လျှောက်လုံးနဲ့ သူတို့ရှင်သန်ခဲ့ရတဲ့ဘဝတစ် လျှောက် လုံးနဲ့ မတူဘူး။ မတူညီတဲ့ အခါကျတော့ သူတို့ခေတ်မှာ IT နည်းပညာတွေ တိုးတက်လာ တယ်။ ဖုန်းသုံး တာကအစပေါ့။ ဆိုရှယ်မီဒီ ယာသုံးတာ က အစသူတို့ကို နားလည်အောင်ပြောပြ တယ်” လို့ အောင်သော်ကပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here