အရင်ကအောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုပြီး အမှတ်တရအနေနဲ့ အခွေထုတ်ချင်သူတေးသံရှင်ကြီး ထား

0
132

တေးသံရှင်ကြီး ဖြူသီရဲ့ စီးရီး အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို တေး သံရှင်ကြီးထားလည်း တက်ရောက်ခဲ့ ပါတယ်။ တေးသံရှင်ကြီးအန်တီထား အနေနဲ့လည်း သူ့သူငယ်ချင်းဖြစ်တဲ့ အန်တီဖြူသီ တေးစီးရီးခွေထွက်တဲ့ အခါမှာ သူလည်းအခွေ ထွက်ချင်တဲ့ စိတ်တွေပြင်းပြလို့လာခဲ့ပါပြီ။ သူ့စီးရီး ခွေကတော့ စီစဉ်နေတာတော်တော် ကြာခဲ့ပြီဖြစ်ပြီး သားဖြစ်သူဇော်ဝင်းထွဋ် က စီးရီးခွေထုတ်ပေးမယ့်အချိန်ကို စောင့်နေတာဖြစ်တယ်လို့လည်း သိရ ပါတယ်။

“နဝရတ်စတူဒီယိုမှာအသံသွင်း ထားတာ။ ညီထွဋ်ပဲဦးဆောင်ပြီး လုပ်ပေးတာပဲ။ မထွက်တာမထွက်ဖြစ် တာလေ။ အကြောင်းကြောင်းကြောင့် ပေါ့လေ။ သူလည်းအလုပ်တွေရှုပ် နေတာနဲ့ အန်တီ့အခွေဆီကို အလှည့် ပြန်မရောက်တော့ဘူး။ သူ့ကိစ္စတွေနဲ့ သူရှုပ်ပြီး အခွေမထုတ်ဖြစ်တာ။ အ ခွေက တော်တော်တောင်ကြာနေပြီ”လို့ အခွေနဲ့ပတ်သက်လို့ အန်တီထား ကပြောပြပါတယ်။ တေးသံရှင်ကြီး ထားအနေနဲ့ တေးသီချင်းပေါင်းများ စွာကို သီဆိုခဲ့တဲ့ အဆိုတော်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် လည်း သူ့သီချင်းတွေကို အမှတ်တရ အနေနဲ့ ပြန်လည်သီဆိုထုတ်ဝေဖို့ စိတ်ကူးရှိမလားလို့ ဆက်မေးတော့

“စိတ်ကတော့ရှိတာပေါ့။ ဟို တုန်းကတော့ကလေးအသံနဲ့ပေါ့။ အ ခုကတော့လူကြီးအသံနဲ့ပေါ့ကွယ်။အဲဒီလိုပြန်ဆိုပြီး ပြန်လုပ်မလားလို့ စိတ်ကူးတော့ရှိတယ်။ အားလုံးက လည်း အားပေးတော့ စိတ်ကလည်းနည်းနည်းတော့ပါလာတာပေါ့။ အ ခွေထွက်ဖို့အတွက်ကိုတော့ ကြိုး စားရတော့မှာပေါ့နော်။ ကိုယ့်သီချင်း လေးတွေကို ကိုယ်ပြန်ပြီးတော့ ဆို မယ်။ အခုချက်ခြင်းကို စိတ်ကူးပေါက် လာရတယ်++လို့ သီချင်းဟောင်းတွေကို အမှတ်တရအနေနဲ့ ပြန်လည်ထုတ် ချင်တဲ့ သူ့ရဲ့စိတ်ကူးကို တေးသံရှင်ကြီး ထားက ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း တေးသံရှင်ကြီးထား ရဲ့ပရိသတ်တွေအနေနဲ့ သူ့ရဲ့တေး သီချင်းဟောင်းတွေနဲ့ သီချင်းသစ်တွေ ကို နားဆင်ရဖို့ သိပ်မကြာတော့ဘူး လို့ပဲ ဆိုရတော့မှာပါ။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here