အခုနေ အမေက ရဟန်းဝတ်ဆိုပြီး ခွင့်ပြုပေးရင်တော့ တကယ် ရဟန်းဝတ်ဖြစ်မှာပါလို့ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားမှာ ရဟန်းဇာတ်ရုပ်နေရာက သရုပ်ဆောင်ခဲ့တဲ့ ခိုင်ထူးသာ ပြော

0
286

ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကား၊ ဘာသာရေး ဇာတ်ကားတစ်ကားဖြစ်တဲ့ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားဟာ မေ လ ၁၈ ရက်နေ့က တစ်နိုင်ငံလုံးမှ ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသခဲ့ပါတယ်။ ဥပါဒါန် ဇာတ်ကားထဲမှာ ရဟန်းဇာတ်ရုပ်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခိုင်ထူးသာကလည်း ဒီဇာတ်ကား ဟာ ပထမဦးဆုံး သူ့အတွက် အနုပညာလောက ထဲ ဝင်ရောက်ခဲ့ရတဲ့ ဇာတ်ကားဖြစ်ကြောင်း ကိုလည်း သရုပ်ဆောင် ခိုင်ထူးသာက…

”ကျွန်တော် ဒီဇာတ်ကားလေး မရိုက်ကူးခင် သရုပ်ဆောင်သင်တန်းတက်နေတဲ့ အချိန်ပေါ့။ ကျွန်တော် သရုပ်ဆောင်သင်တန်းကိုလည်း ဦးအောင်ဆီမှာ တက်ခဲ့တာပါ။ ဦးအောင် က အိမ်မှာပဲ သရုပ်ဆောင် သင် တန်းဖွင့်ထားတာ။ ဦးအောင် က အသင်အပြလည်းကောင်း တော့ အဲဒီမှာပဲ တက်ဖြစ် သွားတာပါ။ အဲဒီမှာ ပရိုဂျူဆာတစ်ယောက် ကနေ ဆက်သွယ်ပြီး ကမ်းလှမ်းလာတာပါ။ သရုပ်ဆောင် သင်တန်း တက်တာကလည်း သိပ် မကြာသေးပါဘူး။ ဒီဇာတ် ကားမရိုက်ခင် တစ်လလောက် ပဲ ရှိသေးတယ်။ သူနဲ့ သင်တာ ၂ ပတ်လောက်ပဲရှိသေး တယ်။ ဒီဇာတ်ကားရိုက်ကူးဖို့ အကြောင်း ပါလာတာပါ။ ကျွန်တော့်ရဲ့ ပထမ ဦးဆုံး ဇာတ်ကားလေးလည်း ဖြစ်ပါ တယ်”လို့ ပြောပါတယ်။

သရုပ်ဆောင်သင်တန်းအချိန် ကာလမကြာသေးဘဲ ဇာတ်ကားရိုက်ကူးဖြစ်ခဲ့တဲ့အတွက် အခက်အခဲတွေ၊ ဘယ်လိုပြင်ဆင်မှုတွေ ရှိခဲ့လဲလို့ မေးကြည့်တဲ့အခါမှာတော့ ခိုင်ထူးသာက…

”ကျွန်တော် သင်တန်းတက်နေတဲ့ အချိန်မှာပဲ ဒီဇာတ်ကားလေးကို ပါဝင် ရိုက်ကူးဖို့ အကြောင်းဖန်လာတာပါ။ ဇာတ်ကားလေး ရိုက်ကူးတော့လည်း အခက်အခဲကတော့ သိပ်မရှိ ပါဘူး။ ဒါပေမဲ့ ပြင်ဆင်မှုတွေကတော့ များတယ်။ ဒီဇာတ်ကားလေးမရိုက်ကူးခင် တစ်လလောက်ကို ရဟန်း ၂၇ ရက်ဝတ်ပြီး အဓိဋ္ဌာန်ဝင်ပြီးတော့မှ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဆိုတော့လေ။ ရဟန်း ကာရိုက်တာကို ရင်ထဲနှစ်ပြီး၊ ရိုက်ကူးခဲ့တာဆိုတော့ အခက်အခဲတော့ မရှိ ခဲ့ဘူး။ အကုန်လုံးအဆင်ပြေခဲ့ ပါတယ်။ သရုပ်ဆောင်နေချိန်အတွင်းမှာလည်း တကယ်ရဟန်းဖြစ်ခဲ့တာပါ။ စိတ်ညစ်စရာလည်း မရှိဘူး။ ပျော်ရွှင်စရာလည်း မရှိဘူး။ အဲဒီလို ဘဝလေးကိုရခဲ့တော့ ကြည်ညိုဖို့ ကောင်းခဲ့ပါတယ်။ အခုနေ အမေက ရဟန်းဝတ်ဆိုပြီး ခွင့်ပြုပေးရင်တော့ တကယ်ရဟန်းဝတ်ဖြစ်မှာပါ။ ဒီဇာတ်ကားလေးဟာ ကျွန်တော့်အတွက်တော့ ပထမဦးဆုံးရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပေမယ့် အမြဲတမ်းအမှတ်ရနေမှာပါ”လို့ ပြောပါတယ်။

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကို မေလ ၁၈ ရက်နေ့က မြန်မာတစ်နိုင်ငံလုံး မှာ ရုံတင်ပြသသွားခဲ့ပြီး ရုံတင်ပြသခွင့်ရတဲ့ အထိမ်းအမှတ်အနေနဲ့တိပိဋက မဟာဂန္ဓာရုံကျောင်းမှ သံဃာတော်အပါး ၂၂၇ ပါးကို ဆွမ်းစတဲ့ ဒါတဗ္ဗဝတ္ထု အစုစုအကြို လှူဒါန်းပွဲကြီးကို မေလ ၁၁ ရက်နေ့က နဝဒေးရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here