ကြိုးထိုးကုထုံးနဲ့ မျက်နှာအသားအရည်တင်းအောင် လုပ်ထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်

0
263

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ မှာ မင်းသား၊ မင်းသမီးများရဲ့ ဖခင် နေရာကနေ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ဦးဝင်းမြိုင်က အသက်အရွယ်ကြီး လာလို့ မျက်နှာအသားအရည်တွဲကျ လာတာတွေအတွက် ကြိုးထိုးကုထုံး ဖြင့် အသားအရည်တင်းတင်းရင်းရင်း ဖြစ်အောင်ပြုလုပ်ခဲ့ပါတယ်။

“မင်းသား ကြီးတွေကနေ အဖေဇာတ်ရုပ်နေရာ ဆင်းလာတဲ့ အဖေတွေရှိတယ်။ ဦးက ဇာတ်ပို့ကတက်လာတဲ့ အဖေဆိုတော့ စီးပွားရေးဈေးကွက်အရ ဈေးသက် သာတယ်လို့ပြောလို့ရတယ်။ အဲဒီ တော့ အရိုက်များတယ်။ ဦးက အ သက် ၆၅ နှစ်ကျော်လာပြီ၊ မင်းသား၊ မင်းသမီးအသစ်လေးတွေက အသက် ၂ဝ ဝန်းကျင်ဆိုတော့ သူတို့ရဲ့ အဖေလုပ် တဲ့အခါ အသက် ၆၅ နှစ်ဆိုတော့ မျက်နှာက အရည်တွေတွဲကျလာတာ ပေါ့။ ကိုယ့်နေရာမှာလည်း အသစ် ထပ်တက်မလာသေးတော့ လောက ကိုကူညီတဲ့အနေနဲ့ မျက်နှာလေးတင်း တင်းရင်းရင်းဖြစ်အောင် လုပ်ရတာ ပေါ့။ သိပ်ပြီး လျှော့ရဲနေရင် အဖေ နေရာကနေ အဘိုးနေရာရောက်သွား မှာဖြစ်တဲ့အတွက် အကုန်လုံးနဲ့ ချင့် ချိန်ပြီး ပြုလုပ်လိုက်ရတာဖြစ်ပါတယ်။ မိတ်ဆွေအရေပြားဆရာဝန် ဒေါက် တာသူရကျော်နဲ့ ခွဲစိတ်ဖို့တိုင်ပင် တော့ အသက်အရွယ်အရဆာဂျရီ မလုပ်ပါနဲ့၊ လုပ်ရင်အမာရွတ်ကျန်ခဲ့ မယ်။ တစ်ခါတစ်ရံside effect ကြောင့်infection ဝင်ရင် အရေပြား ရောင် ရမ်းတာဖြစ်တတ်တဲ့အတွက် ကြိုးထိုးတဲ့နည်းနဲ့လုပ်ပေးမယ်လို့ အကြံ ပေးတဲ့အတွက် လုပ်ဖြစ်တာပါ။

ဦးရဲ့မျက်နှာအနေအထားအရ သုံးရ မယ့်ကြိုးတွေ၊ ဘယ်လိုထိုးရမယ်ဆို တာ ပထမဆုံးလိုင်းလေးတွေ ဖော် လိုက်ပြီးကြိုးအကြီး ၃ချောင်း၊ အသေး ၃ ချောင်းထည့်ခဲ့ပါတယ်။ အပ်ထည့် မယ့်နေရာတွေကို ထုံဆေး သုပ် ဖောက်ပြီးတော့မှ ထည့်ရတာပါ။ ကြိုးထိုးတဲ့ကုထုံးရဲ့ သဘောက ကြိုး မှာ ကော်လာဂျင်နဲ့ စီဗစ်ဓာတ်ပါ ပါတယ်။ အပ်ထည့်ပြီးတာနဲ့ ကြိုးက ကျန်ခဲ့ပါတယ်။ အပ် ထုတ်ပြီးတာနဲ့ ကြိုးကိုဆွဲတင်လိုက်ရင် မျက်နှာလျော့ ကျနေရာက ချက်ချင်းကြီးတက်သွား တယ်။ အသားထဲမှာ ကျန်ခဲ့တဲ့ကြိုး ထဲက ကော်လာဂျင်နဲ့ cevit က တ ဖြည်းဖြည်းပျော်ဝင်သွားတယ်။ ကြိုး ထိုးကုထုံးလုပ်ထားပြီးပါက ဘေး စောင်းအိပ်ရင်ကြိုးတွေကို ဖိမိမှာ စိုးတဲ့အတွက် ပက်လက်ပဲ အိပ်သင့် ပြီး အနေအထိုင်ဆင်ခြင်မယ်။ သိပ် မရယ်ဘူးဆိုရင် နှစ်နှစ်လောက်အထိ အာမခံချက်ပေးထားပါတယ်”လို့ သူက ရှင်းပြပါတယ်။

ကြိုးထိုးကုထုံးက မျက်နှာအနေ အထားနဲ့ သုံးရမယ့် ကြိုးတွေအပေါ် မူတည်ပြီး ကုန်ကျစရိတ်အနည်းအများ ကွာပြီး ဘေးထွက်ဆိုးကျိုးမရှိ နာကျင် ခြင်းလည်းသိပ်မရှိတဲ့အတွက် ရုပ်ရည် နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေ ပြုလုပ်သင့်ကြောင်း ဦးဝင်းမြိုင်က အကြံပြုပြောပြခဲ့ပါတယ်။

KW


LEAVE A REPLY

Please enter your comment!
Please enter your name here