ိမြန်မာ့ရိုးရာ ဆိုင်းပညာရပ် ဖော်ထုတ်ထိန်းသိမ်းနိုင်တော့မယ့် မြဝတီရုပ်သံရဲ့ မြန်မာ့လက်သံ အစီအစဉ်

0
91

တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်၏ လမ်းညွှန်ချက်အရ- မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)နှင့် မြဝတီရုပ်မြင်သံကြားတို့ ပူးပေါင်း၍မြန်မာ့ရိုးရာဆိုင်းပညာ ရပ်အား ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ‘မြန်မာ့လက်သံ’ ဟု အမည်ပေးထား သော မြန်မာ့ဆိုင်း ရိုက်ကူးရေးအစီအစဉ်အား မေလ ၁၁ ရက်နေ့က ‘မွန်ပြည်နယ် ကိုကိုနိုင် ဆိုင်းအဖွဲ့’ မှ စတင်ရိုက်ကူးခဲ့ပါတယ်။

”စီစဉ်ဖြစ်တာကတော့ မြဝတီ ရုပ်သံကနေပြီးတော့ စပြီးကမ်းလှမ်းတာပါ။ ကာကွယ်ရေးဦးစီးချုပ်က ဆိုင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာကိုလည်း သူမျက်ခြည်မပြတ် ကြည့်နေတယ်ပေါ့။ ပြီးတော့ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ အတွက်ကိုလည်း သူတို့ ရုပ်သံဌာနမှာ ပေါ်လစီရှိတယ်ပေါ့။ အခုနောက်ပိုင်း ချန်နယ် တွေများလာတဲ့အခါမှာ ချန်နယ်တွေကလည်း Update တွေဖြစ်တာတွေကို တစ်ယောက် နဲ့တစ်ယောက် အပြိုင်အ ဆိုင်လုပ်လာကြတယ်လေ။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ Theme ဘက်ကို ပြန်သွားမယ်ဆိုပြီး ဆိုင်း ဖျော်ဖြေရေး ဘက်ကိုသွားမယ်ပေါ့။ အခုကဆိုင်းဖျော်ဖြေရေးက သိပ်ပြီး တော့မကျယ်ပြန့်ဘူးပေါ့။ မကျယ်ပြန့် ဘူးဆိုတာကလည်း သူ့ဟာနဲ့သူတော့ ငှားနေကြတာတွေရှိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရတာတွေနည်းတော့ မြဝတီရုပ် သံဘက်က လုပ်ချင်တာပါ။ လုပ်ချင်တော့လည်း ကောင်းတာပေါ့နော်။ အစ်မတို့ လုပ်ချင်တာနဲ့လည်း ကွက်တိပဲပေါ့လေ။ အဲဒီတော့ဆိုင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဦးသီရိမောင် မောင်ကို လွှဲပေးလိုက်ပြီးတော့မှ သူတို့အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ် ပြီးတော့ မန္တလေးတို့၊ မကွေးတို့ကိုလည်း အကြောင်းကြားတယ်။ ဘယ်သူတွေ ရိုက်ကူးဖို့ ဆန္ဒရှိလဲပေါ့လေ။ အစ်မတို့ကကျတော့ စရိတ်လည်း အများကြီး မထောက်ပံ့နိုင်ဘူး။ မြဝတီကတော့ ထောက်ပံ့တာရှိတယ်။ အဲဒီတော့ လာရိုက်ကူးဖို့အတွက် ဆန္ဒရှိလားဆိုပြီး မေးပါတယ်။ ဒီလိုနဲ့ စုစည်းပြီးတော့ ရိုက်ကူးဖို့အတွက် စီစဉ်တာပါ” လို့ မြန်မာ့ဆိုင်း ရိုက်ကူးရေးအစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်ကပြောပါတယ်။ ဆက်လက် ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ ဆိုင်း ပညာရပ်ထိန်းသိမ်းမြှင့်တင် ဖော်ထုတ်ရေး ကော်မတီမှ ဦးဆောင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ မွန်၊ ကရင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွာစား အကျော်အမော်များ၏ အမျိုးမျိုးအဖုံဖုံ ဆိုင်း လက်သံ အစုံတို့ကို သဘင်မြတ်နိုးသူတို့ မကြာမီ ကြည့်ရှုတွေ့မြင်ခံစားကြရတော့မှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here