အဆိုတော် သားငယ်ပြောတဲ့ သူ့ကြင်ရာဖက်အကြောင်း

0
239

သူက ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းသား။ ဇနီးဖြစ်သူက ပြင်ဦးလွင်သူ။ အခုဆိုရင် သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းက ၄ နှစ်လောက်ရှိခဲ့ပြီ လို့ သားငယ်က ဆိုပါတယ်။ အဆိုတော် မဖြစ်ခင်ကတည်းက အိမ် ထောင်ကျပြီးသားဆိုတော့ နာမည်ကျော်အဆိုတော်တစ်ယောက် ဖြစ်လာတဲ့အခါမှာ ကောင်မလေးတွေနဲ့ သဝန်တိုတာမျိုးတွေရှိ လားလို့ သားငယ်ကို မေးတော့…

”အဲဒီလိုတော့ ကြိုက်မယ့်သူမရှိလောက်ပါဘူး။ ဒီအတိုင်း ရိုးရိုးတန်းတန်း ဓာတ်ပုံရိုက်တာလောက်ပါပဲ။ ကျွန်တော်တို့ အမှန်အတိုင်း ပြောရရင်တော့ ဒီလောက ကို နေ့ချင်းညချင်းရောက်လာတာဆိုတော့လေ။ လောလော လတ်လတ်မှာတော့ မိန်းကလေးဖြစ်တာမို့ နည်းနည်း ပါးပါးလောက် သဝန်တိုတာပေါ့။ ဒီလိုလေးတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အလုပ်က အဲဒီလို မဟုတ်ဘူး။ ဆို တော့ တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ အစပိုင်းမှာ ကတည်းက သဝန်မတိုဘူးပြောရင်လည်း သိပ်ယုတ္တိမရှိဘူး လေ။ အခုမှ လောလောလတ်လတ် အကြော်ကြော်ရင်းနဲ့ အဆိုတော်ဖြစ်လာတာဆိုတော့ အစပိုင်းမှာ နည်းနည်းပါးပါး လောက် ရှိပါတယ်။ နောက်ပိုင်းမှာတော့ သူ နားလည်သွားတာ ပေါ့”လို့ သူကပြောပါတယ်။

နာမည်ကျော်အဆိုတော် တစ်ဦးအတွက် ဇနီးဖြစ် သူရဲ့ ပါရမီဖြည့်ပေးဖြစ်ပုံအကြောင်းလေးတွေလည်း ပြောပြ ပါဦးဆိုတော့ …

”နာမည်ကျော်တယ်ရယ်လည်းမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ပြိုင်ပွဲရဲ့ အစီအစဉ်လေးမှာ ဒီလိုမျိုးလေး ပါဝင်ပြီးတော့မှ ကျွန်တော်တို့ကို လူသိလာတာဆိုတော့လေ။ အမျိုးသမီးကတော့ အရင် အတိုင်းပဲပေါ့။ သူကတော့ သီချင်းပိုင်းတွေ သိပ်တော့မသိဘူး။ ကျွန်တော့် ရဲ့ ကျန်တဲ့ လိုအပ်တဲ့အပိုင်းတွေမှာ ပံ့ပိုးတာပေါ့။ ဒီအတိုင်းပါပဲ” လို့ သားငယ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here