ဖေ့စ်ဘုတ်ခ် အကောင့် ဟက်ခံခဲ့ရသော်လည်း ကျေးဇူးတင်နေသူ အိချောပို

0
274

 

ပရိသတ်များကနေ ချစ်စနိုးနဲ့ စူစူလို့ခေါ်တဲ့သရုပ်ဆောင်အိချောပိုရဲ့ ဖေ့စ်ဘုတ်စ် အကောင့်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်က 9 MC မှ ဟတ်သွား ခဲ့ပါတယ်။အခုတော့ အိချောပို သူရဲ့ အကောင့်ကိုပြန်လည်ရရှိသွားပါပြီ။ပြန်လည်ရရှိပုံကတော့ …

”ညဘက် ဟက်ပြီးတော့ နောက်မနက်မှာ သူတို့ပဲ ပြန်ပေးတာ။ တစ်ရက်တောင်မရှိဘူး။နောက်နေ့ကျတော့ပြန်ပေးတယ်။သူတို့ကပဲ ဆက်သွယ်လာပြီး ပြန်ပေး တယ်။ ဖေ့စ်ဘုတ်စ်ကို Security တောင်မြှင့်ပေး လိုက်သေးတယ်။အိချောကတောင်ပြောလိုက်ပါသေးတယ်။ အိချောဘာမှသုံး တာ မဟုတ်ဘူးလို့။ ပရိသတ်တွေနဲ့ပဲ စကားပြောတာ။ ဖေ့စ်ဘုတ်ခ်တောင် သူများဖွင့်ပေးထားတာအစ်ကိုလို့။ ဟတ်လည်းဘာမှရှိမှာမဟုတ်ဘူးလို့ ပြော လိုက်တယ်။ မဟုတ်ပါဘူးတဲ့။ Security မြှင့်ပေးတာပါဆိုပြီး သူတို့ ဘာသာသူတို့ လာပေးတာပါ။ အခုလို ပြန်လာပေးလို့ 9 MC ကို ကျေးဇူးတင်ပါတယ်” လို့အိချောပိုကပြောပြပါတယ်။

အိချော ပိုက ဖေ့စ်ဘုတ်ခ်ကို သူ့ရဲ့Fan တွေနဲ့ စကားပြောရုံသက် သက်သာ အသုံးပြုနေ တာဖြစ်ပြီး တခြားထွေထွေထူး ထူးတွေ မသုံးတတ်ဘူးလို့ပြောပါ တယ်။ သူ့အနေနဲ့ အခု နောက်ပိုင်း မှာဖေ့စ်ဘုတ်ခ် ကို ဘယ်လို အသုံးပြုသွား မလဲဆိုတာ ကို အိချောပိုက…

‘ င်္Fan တွေနဲ့ စကား ပြောရုံပါပဲ။ကျန်တာတော့ မရှိပါဘူး။ တစ်ခါတလေ ပုံလေးတွေတင်မယ်။ ရိုက် ကွင်းပုံလေးတွေတင်မယ်။ဒီ လောက်ပါပဲ။ကျန်တာ တော့မရှိပါ ဘူး။ အရင် ကလည်းဒီလိုပဲသုံးနေ တာ။ ဒါပေမဲ့ တစ်ခါ တလေ ကျတော့လည်း လူတွေရဲ့ မျိုးစုံပြောတာ တွေကကိုယ်စိတ် ကောင်း နေတဲ့အချိန်မှာ ကိစ္စမရှိဘူး။ကိုယ့်စိတ်မကောင်း စရာတို့ ကိုကြုံတဲ့အချိန်မှာ ဒါမျိုးတွေ့ တော့ဝမ်းနည်းတာပေါ့နော်” လို့ပြောပြပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here