ငယ်ငယ်ကတည်းက Broken Family ဖြစ်ခဲ့ရတဲ့အတွက် မိဘမဲ့ကလေးတွေကို စာနာတယ် သရုပ်ဆောင် ခိုင်နှင်းဝေ

0
381

သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သလို ပရဟိတလုပ်ငန်းတွေမှာလည်း ထူးချွန်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မေလ ၂၉ ရက်နေ့ကစတင်ကာ သရုပ်ဆောင်လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။ ပရဟိတလုပ်ငန်း စတင်လုပ်ကိုင်ချိန်ကတည်းက ဗီလိန်ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရမှာ ကြောက်နေပုံကိုလည်း ခိုင်နှင်းဝေက ငယ် ငယ်ကတည်းက မိသားစုမပြည့်မစုံနဲ့နေထိုင်ကြီးပြင်းလာခဲ့ရတဲ့အတွက် မိဘမဲ့ကလေး တွေကို ကြည့်ရင်ခံစားရတယ်ဆိုတာကိုလည်း ခိုင်နှင်းဝေက . . .

”ငယ်ငယ်ကတည်းက အစ်မတို့ မိသားစုက Broken Family ဖြစ်ခဲ့ရတယ်။ အစ်မအဖေက အစ်မ၂ လသားအရွယ်ကတည်းက အမေနဲ့ကွဲသွားတာ။ အခု တော့ အဖေသေသွားပြီလို့တော့ကြားတယ်။ ငယ်ငယ်ကတည်းကမိဘက မစုံမလင်ဖြစ်ခဲ့ရတော့ အားငယ်စိတ်တွေရှိခဲ့တယ်။ မေမေတို့၊ အဒေါ် တို့က ဂရုစိုက်ပေးပေမယ့်လည်း ကျောင်းသွားတဲ့အချိန်ဆို သူများ တွေက မိသားစု စုံစုံလင်လင်နဲ့ သူတို့သားသမီးတွေကို ကျောင်းလာပို့ရင် သူတို့ကိုကြည့်ပြီး အားကျခဲ့ရတယ်။ ကိုယ်ကလည်း ငယ်ငယ်ကတည်းက ဒီလိုခံစားချက်မျိုးရှိခဲ့ရတော့ သတို့လေးတွေကိုမြင်ရင် စာနာမိတယ်။ သနားမိတယ်။ သူတို့လေးတွေအတွက် တတ်နိုင်သလောက် အရာရာ တိုင်းကို ရအောင်လုပ်ပေးတယ်။ အစ်မခရီးတွေဘာတွေသွားပြီး ပြန် လာရင်လည်း သူတို့လေးတွေအတွက် လက်ဆောင်ဝယ်လာရတယ်။ သူတို့လေးတွေကလည်း အစ်မလာပြီဆိုတာနဲ့ ချွဲနေကြတာ။ အစ်မအခု လက်ရှိဘဝလေးကိုပဲမြတ်နိုးတယ်။ သူတို့လေးတွေကို ထောက်ပံ့ပေး ချင်တယ်။ ကိုယ်တွေတုန်းက ခံစားရတာမျိုးတွေရှိတယ်။ သူတို့ကို အဲဒီလိုမျိုးမိသားစုနဲ့ပတ်သက်ရင် မခံစားရအောင် အမြဲတမ်း စောင့်ရှောက်ပေးမယ်။ သူတို့လေးတွေအတွက် အစ်မတို့ ခိုင်နှင်းဝေ ပရဟိတအသင်းနဲ့အတူ အများကြီးကြိုးစားသွားဖို့ရှိပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here