မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး နေအိမ်မှာ ဂုဏ်ပြုခဲ့တဲ့ ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီ နဲ့

0
140
Mandatory Credit: Photo by REX/Shutterstock (9685436eg) Prince Harry and Meghan Markle The wedding of Prince Harry and Meghan Markle, Ceremony, St George's Chapel, Windsor Castle, Berkshire, UK - 19 May 2018

အခုနှစ် မေလအတွက် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့ကြရတဲ့ ပွဲအခမ်းအနားကတော့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်နိုင်ငံသူ မင်းသမီး မီဂန်မာကယ်တို့ရဲ့ တော်ဝင်လက်ထပ်မင်္ဂလာပွဲအခမ်းအနားပဲဖြစ်ပါတယ်။ မင်းသားဟယ်ရီနဲ့ မီဂန်တို့ရဲ့ မင်္ဂလာပွဲကိုတော့ မေလ ၁၉ ရက်နေ့က လန်ဒန်မြို့ ဝင်ဆာရဲတိုက်မှာ ကျင်းပခဲ့ပြီး တော်ဝင် မိသားစုက မင်းသားမင်းသမီးများ၊ ကမ္ဘာကျော် မင်းသားမင်းသမီးများတက်ရောက်ချီးမြှင့်ကြတာကို လည်း မြင်တွေ့ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မင်းသားဟယ်ရီရဲ့ လက်ထပ်ပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ မေလ ၂ဝ ရက်နေ့က အလံပြဘုရားလမ်းမှာ တည်ရှိတဲ့ ဗြိတိသျှသံအမတ်ကြီး နေအိမ်မှာပြုလုပ်ခဲ့ပါတယ်။ ဒီလိုဂုဏ် ပြုပွဲကျင်းပရခြင်းနဲ့ ပတ်သက်လို့ ဗြိတိသျှသံရုံး ယာယီတာဝန်ခံတစ်ဦးဖြစ်တဲ့ Mr. David Hall က အခုလို ပြောပြပါတယ်။

”ဒီနေ့ပွဲလေး ပြုလုပ်ဖြစ်တဲ့ အကြောင်းအရင်းကတော့ UK မှာ တော်ဝင်မင်းသားဟယ်ရီနဲ့ မင်းသမီး မီဂန်တို့ရဲ့ တော်ဝင်လက်ထပ်မင်္ဂလာ ပွဲကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ကျင်းပပေးခြင်းဖြစ်ပါတယ်။ ဒီနေ့ မှာလည်း သံရုံးအသိုင်းအဝိုင်းမိတ်ဆွေတွေ၊ NGO အဖွဲ့အစည်းတွေ၊ ဘာသာ ပေါင်းစုံ ညီညွတ်ရေးအတွက် ဆောင်ရွက်နေကြသူတွေ၊ မသန်စွမ်းသူများကို ကူညီနေတဲ့အဖွဲ့အစည်းတွေ၊ တရားမဝင် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးရေးအတွက် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အစုံလည်း တက်ရောက်ကြတာကို မြင်တွေ့ရပါတယ်။ ဒီလိုကျင်းပပေးရတာလည်း တကယ်ကို ကျေနပ်မိပါတယ်။ တကယ့်ကို လူတွေအများကြီးတက်ရောက် ဂုဏ်ပြုကြမယ်လို့ မထင်ထားပါဘူး။ ဒါဟာမြန်မာနိုင်ငံမှာလည်း စိတ်အားထက်သန်စွာ ဂုဏ်ပြုကြတာကို ပြသခြင်းပဲဖြစ်ပါတယ်”လို့ Mr.David Hall က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် တော်ဝင်လက်ထပ် မင်္ဂလာပွဲနဲ့ ချစ်ခြင်းမေတ္တာတွေ ဆက်နွယ်လို့လည်း မေလ ၂ဝ ရက် နေ့မတိုင်ခင် ရက်များက အင်တာနက် စာမျက်နှာမှာ မြန်မာနိုင်ငံက ချစ်သူစုံတွဲတွေကိုဖိတ်ကြားပြီး ပြိုင် ပွဲတစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ပြိုင်ပွဲဝင်တွေကိုလည်း ဖိတ်ကြားပြီး သံအမတ်ကြီးရဲ့ လက်မှတ်ပါဝင်တဲ့ ဓာတ်ပုံနဲ့ ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာပထမဆုရရှိခဲ့တဲ့ ကိုအောင် စိုးမင်းနဲ့ မသဉ္ဇာအောင်တို့ ရဲ့ စကားသံများကလည်း …

”အစ်မတို့ နှစ်ယောက်တွေ့ဆုံ ခဲ့တဲ့ True Love Story ကို အက် ဆေးပုံစံလေးရေးပြီး ဓာတ်ပုံ လေးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အစ်မတို့ ယှဉ်ပြိုင်တော့ Deadline နဲ့က တအားကို ကပ်နေပါပြီ။ ယှဉ်ပြိုင်တဲ့ အထဲကမှ ပထမဆု ရရှိခဲ့တဲ့အတွက် လည်း တကယ်ကို ဝမ်းသာပါတယ်။ အစ်မတို့နှစ်ယောက်လုံးရဲ့ တကယ့် အချစ်ဇာတ်လမ်းလေးက ဆုရ ရှိခဲ့တဲ့အတွက်လည်း ပိုပြီး ကြည်နူးတယ်။ ပျော်လည်း ပျော်ရပါ တယ်”လို့ ပျော်ရွှင်မှုတွေကို ဝေမျှပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲ ကတော့ ခမ်းနားထည်ဝါမှုတွေနဲ့ပြည့်နှက်ခဲ့သလို ခမ်းနားတဲ့တော်ဝင်မင်္ဂလာပွဲ တစ်ခု ရဲ့ ပြင်ဆင်မှုကလည်း ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မင်္ဂလာပွဲရဲ့ ကုန်ကျစရိတ် စုစုပေါင်းက တော့ အမေရိကန်ဒေါ်လာ ၄၅ မီလီယမ်ကုန်ကျတယ်လို့ ဖော်ပြကြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here