အကယ်ဒမီဆုကိုတော့ မမျှော်မှန်းတော့ဘူးလို့ သရုပ်ဆောင် ဟိန်းမင်းပြော

0
184

ဇာတ်ကောင်စရိုက်မျိုးစုံကို ပရိသတ်တွေရဲ့ ရင် ဘတ်ထဲရောက်ရှိအောင် ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင် သရုပ် ဆောင်ပေးနိုင်တဲ့သူကတော့ သရုပ်ဆောင် ဟိန်းမင်း ပဲဖြစ်ပါတယ်။ အခုနှစ်မတ်လ ၂၃ ရက်နေ့ကကျင်းပပြု လုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိမယ်လို့ သူ့ကိုပရိသတ်များရဲ့ ထင်ကြေးပေးခံရမှုကို ရရှိခဲ့ပေမယ့် အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်ဟိန်းမင်းက အကယ် ဒမီဆုနဲ့ လွဲချော်ခဲ့ရပေမယ့် အနုပညာလုပ်ငန်းလုပ်တဲ့ နေရာမှာ ဇာတ်ကောင်စရိုက် ပေါင်းစုံ ကို အခွင့်အရေးရရင် သရုပ်ဆောင်သွားဖို့ရှိပြီး အကယ်ဒမီအတွက် မျှော်မှန်း ပြီးလုပ်တာမျိုး မဟုတ်ကြောင်းကိုလည်းဟိန်းမင်းက “ဦး အနုပညာအလုပ် လုပ်ကိုင်လာတဲ့ အနုပညာသက်တမ်း ကာလကတော်တော်ကြာပြီ။ သက်တမ်းကြာလာတာ နဲ့အမျှ ဇာတ်ကောင်စရိုက်ပေါင်းစုံကို ရိုက်ကူးခဲ့တယ်။ ရိုက်ကူးတဲ့အချိန်မှာလည်း ကိုယ်သရုပ်ဆောင်တဲ့ ကာ ရိုက်တာကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင် တယ်။ ဒါပေမဲ့ ဦးဒီလိုမျိုးကောင်းအောင် သရုပ်ဆောင် တာကလည်း ဘာရည်မှန်းချက်မှမရှိတော့ဘူး။ အရင်က ဆို ကိုယ်အကောင်းဆုံးသရုပ်ဆောင်ထား တဲ့ ဇာတ်ကားတွေကို အနုပညာသမားတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတော့ ရချင် ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီလိုမျိုး မရှိ တော့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစားအကယ်ဒမီက မျှတမှု မှမရှိတာ။ သူတို့ပေး ချင်တဲ့သူရှိရင်ပေးမယ်။ မရှိရင်မပေးဘူးဆိုတဲ့သဘော မျိုးတွေ ဖြစ်နေပြီ။ ကိုယ် သရုပ်ဆောင်ရ မယ့် ဇာတ်ကောင်အတွက် အကောင်းဆုံးကြိုးစား သွား မယ်။ ပရိသတ်အကြိုက်ပဲ သရုပ်ဆောင်တော့မယ်။ အကယ် ဒမီအတွက်ရယ်လို့ မဟုတ်တော့ဘူး။ ပရိသတ်က ပေး တဲ့ဆုကတော့ ဦးဆီမှာရှိနေပြီဖြစ်တဲ့အတွက် ကျန်တာ တွေမလိုတော့ပါ ဘူးလို့ ဟိန်းမင်းကပြောပါ တယ်။

အနုပညာသက်တမ်းနှစ် ၄ဝ အကြာအထိ အနု ပညာအလုပ်တွေကို လုပ်ကိုင်ရင်း မိသားစုအတွက် ရှာ ဖွေလုပ်ကိုင်ကျွေးမွေးနေတာကြာခဲ့ပါပြီလို့ ဟိန်းမင်းက “ဦး အနုပညာ အလုပ်လုပ်လာတာ အခုဆိုရင်အနှစ် ၄ဝ တောင်ရှိပြီ။ ပရိသတ်ရဲ့အားပေးမှုကြောင့် ဇာတ်ကား တွေမှာ ပါဝင်ရိုက်ကူးရတယ်။အဲဒီကရရှိတဲ့ ပိုက်ဆံတွေ နဲ့ပဲ မိသားစုကို ရှာဖွေကျွေးမွေးနေရတာ။ အနုပညာ အလုပ်လည်းလုပ်တယ်။ မိသားစုစားဝတ်နေရေးအတွက် လည်း ရုန်းကန်နေရတဲ့အတွက် တစ်ခါတလေ စိတ် ပင်ပန်းမှုတွေရှိခဲ့တယ်။ ဒါပေမဲ့လည်း ကိုယ်ရောက်နေတဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ကိုယ်ဝါသနာ ပါတဲ့ အနုပညာအလုပ်ကို လုပ်နေရတဲ့အတွက်စိတ် ချမ်းသာပါတယ်”လို့ ဟိန်း မင်းက ပြောပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here