ဇွန်လဆန်းလောက်မှာ ပရိသတ်အတွက် အွန်လိုင်းပေါ်မှာ ရယ်စရာ၊ ပျော်စရာလေးတစ်ခု ချပြဦးမယ့် ဖြိုးငွေစိုး

0
407

သရုပ်ဆောင်ဖြိုးငွေစိုးက လတ်တလောမှာတော့ ဇာတ်ကားများရိုက်ကူးမှုရပ်နားထားပြီး ပရိသတ်အတွက် ရယ်စရာပျော်စရာလေးတစ်ခု ရိုက်ကူးကာ အွန်လိုင်းပေါ်မှာတင်ဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ “ကျွန်တော်ပရိသတ်အတွက် စီစဉ်ထားတဲ့ အစီအစဉ်လေးတွေရှိတယ်။ ကျွန်တော် နောက်လဆန်းလောက်မှာ ပရိသတ်ကို ချပြချင်တာလေးတွေ နည်းနည်းရှိတယ်။ အဲဒါတွေအတွက် ကျွန်တော်ပြင်ဆင်နေတယ်။ ပရိသတ် ကြီးအတွက် ရယ်စရာ၊ ပျော်စရာလေးတစ်ခုကို အွန်လိုင်းပေါ်မှာချပြသွားဖို့ရှိပါတယ်။ နည်းနည်းလောက် စောင့်ပေးကြပါဦး”လို့ ဖြိုးငွေစိုးက ပြောပါတယ်။

သရုပ်ဆောင်ဖြိုးငွေစိုးဟာ မကြာသေးမီက Canal + ‘ နဲ့လက်တွဲပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင် ရသအစီအစဉ်လေးဟာ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကိုရရှိလာခဲ့ပါတယ်။ ရုပ်ရှင်ရသအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး ဖြိုးငွေစိုးက “ကျွန်တော်တို့ ဒီရုပ်ရှင်ရသအစီအစဉ်ကြီးဟာ တစ်နှစ်ချင်း သွားတာပေါ့နော်။ ကျွန်တော်တို့ စာချုပ်မှာကတည်းက တစ်နှစ်ချင်းသွားကြတာဆိုတော့ Talk Showတစ်ခုလုပ်ပြီဆိုလည်း ၁၂ ပိုင်းလုပ်တယ်။ ၁၂ ပိုင်းပြီးရင် ပြီးပြီ။ နောက်အစီအစဉ်တစ်ခုသွားရ မှာဆိုတော့ နောက်အစီအစဉ်တွေကျရင်လည်း ပုံစံလေးတစ်မျိုးပြီးတစ်မျိုး ပြောင်းသွားမှာဆိုတော့ ပရိသတ်တွေတစ်မျိုးပြီး တစ်မျိုးမတူတဲ့ ခံစားချက်ကို ရရှိမှာပါ။ ဒီရုပ်ရှင်ရသဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တာကလည်း ကိုယ့်ရုပ်ရှင်နဲ့ပတ်သက်တဲ့ကဏ္ဍတွေကို ဆွေးနွေးတဲ့အတွက်မို့ ရုပ်ရှင်ရသ အစီအစဉ်မှာ ပါဝင်ခွင့်ရလို့ ဝမ်းသာပါတယ်”လို့ ပြောပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ မှာ ပါဝင်ရိုက်ကူးနေပြီး အနုပညာလုပ်ငန်းများ လုပ်ကိုင်နေချိန် မှာ မိသားစုနဲ့အချိန်ပေးဖြစ်တဲ့အပိုင်းကို မေးကြည့်တဲ့ အခါမှာတော့ ဖြိုးငွေစိုးက “ဒီအတောအတွင်း တော့ ဇာတ်ကားတွေ သိပ်ပြီးမရိုက်ကူးဖြစ်ဘူး။ မိသားစုနဲ့ပဲ အချိန်ပေးဖြစ်တာများတယ်။ ကလေး တွေနဲ့ ဆော့ရတာများတယ်။ သားသားတို့က ရေသွားကူးလည်းလိုက်ကူး။ အိမ်မှာ သူတို့နဲ့ဆော့ လည်း အတူတူဆိုတော့အိမ်မှာပဲ နေဖြစ်တာများတယ်။ ကျွန်တော်ဟာ အခုအိမ်လည်းပြင်ဆင်နေ တာမို့လို့ သူတို့နဲ့သက်သက်ကိုသွားနေဖြစ်လေတော့ သူဆော့ရင် ကိုယ်လိုက်ဆော့ဆိုတော့ ကလေး လုံးလုံးဖြစ်နေတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here