သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ခင်ပွန်းကိုစစ်နိုင်တို့ ပြုလုပ်တဲ့ Serene Condominium Condo Warming ပွဲ

0
495

သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ခင်ပွန်း ကိုစစ်နိုင်ရဲ့Serene Condominium Condowarming ပွဲ အခမ်း အနားကို မေလ ၂၃ ရက် နေ့က တောင်ဥက္ကလာပမြို့နယ်Serene Condominium မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။Serene Condominium တည်ထောင်လိုက် ရခြင်း အကြောင်းကို ကိုစစ်နိုင်က….

“ဒီနေ့ပွဲလေးကတော့ ကျွန်တော်တို့ ရဲ့ ကွန်ဒိုပြီးစီးတဲ့အထိမ်းအမှတ်နဲ့ ပေါ့။ ကျွန်တော်တို့ ဒီကွန်ဒိုကို ဆောက်လုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်တွေရော၊ သူငယ်ချင်းတွေ အကုန်လုံးကိုခေါ်ပြီးတော့ မိတ်ဆက် ပေးတာပေါ့။ ကျွန်တော်တို့ ဒီကွန်ဒို ကို ရင်းနှီးမြှုပ်နှံပြီး လုပ်တာကတော့ ကျွန်တော်နဲ့ ကျွန်တော့် ဝမ်းကွဲအစ် ကိုတစ်ယောက်နဲ့ပေါ့။ ဒါပေမဲ့ ကျွန် တော်တို့ ကုမ္ပဏီက ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့ Zware Group ဆိုတာက လည်း Developer လည်း ပါတယ်။Decoration လုပ်တဲ့အဖွဲ့ လည်းပါတယ်။ ကျွန်တော်တို့ Zware Group အောက်မှာ ကုမ္ပဏီလေးခု လောက်ရှိ တဲ့ ဟာတွေက အကုန်ဝိုင်းပြီးတော့သူ့အပိုင်းသူတာဝန်ယူလုပ်ကြတာဆိုတော့ ဒီကွန်ဒိုဖြစ်မြောက်ဖို့ အားလုံး ဝိုင်းဝန်းဆောင်ရွက်တာကြောင့် ဒီကွန်ဒိုလေးဖြစ်မြောက်လာတာပါ။ ဒီကွန်ဒိုမှာလည်း မိသားစုတိုင်းနေ ထိုင် လို့ရမယ့်ဈေးနှုန်းတွေကို သတ်မှတ်ပေးထားတယ်။ ရေကူးကန်၊Gym ကစားဖို့နေရာ၊ တင်းနစ်(စ်) ရိုက်ဖို့ နေရာတွေလည်း လုပ်ထားတယ်။ ဒီကွန်ဒိုမှာ တိုက်ခန်းတစ် ခန်းဝယ်လိုက်ပြီဆိုတာနဲ့ အဝေးကြီး သွားစရာ မလိုပဲ ဒီထဲမှာပဲ အကုန် ရနိုင်အောင် ကျွန်တော်တို့ လုပ်ထား တယ်။ ပြီးတော့ ကျွန်တော်တို့ မိသား စုအတွက် ရင်းနှီးမြှုပ်နှံနေတဲ့အနေနဲ့ ရှယ်ယာထဲမှာ သတ်သတ်ခွဲပြီးတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခန်းလေး လို ရင်းနှီးမြှုပ်နှံထားပါတယ်။ ကျန်တာကတော့ ကုမ္ပဏီအနေနဲ့ လုပ်တာရော၊ မိတ်ဖက်အနေနဲ့ လုပ်ကိုင် တာရောဆိုတဲ့အတွက် ဒါလေးကတော့ ကျွန်တော်တို့ မိသားစုအတွက် သက်သက်လုပ်ထားတာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here