သဘင်အစည်းအရုံး (ဗဟို)မှ သဘင်အဖွဲ့ များ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိစေရန် သက်ဆိုင်ရာဌာနအသီးသီးနှင့် ဆက်သွယ်ကြိုးပမ်းသွားမည်

0
180

အခုလတ်တလောအနုပညာ ရပ်ဝန်းမှာ အောင်ပင်လယ် ဆပ်ကပ် လူရွှင်တော် (ဂျိုကာ) ဆပ်ကပ်ပညာ ရှင် ကြက်တူးရွေး (ခေါ်) ကိုနေမင်း ကို ပရိသတ်အတွင်းမှ လောက်စလုံးနဲ့ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး လူပြော တော်တော်များနေပါတယ်။ ဒီ အကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှလည်း သဘင်လောကသား များသိစေရန် ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရသည့်အထိ ဖြစ်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်ထဲမှာ မိမိ တတ်ကျွမ်းသော အတတ်ပညာဖြင့် ပရိသတ်အား ရိုးရာဖြင့် ဖျော်ဖြေတင် ဆက်နေသည့် သဘင်အနုပညာရှင်၊ အတတ်ပညာရှင်များအပေါ် ယခုကဲ့ သို့ ပြုမူခြင်းအတွက် အလွန်စိတ် ထိခိုက်ဝမ်းနည်းရပြီး ပြင်းစွာရှုတ်ချ ပါကြောင်း နောက်နောင်တွင်လည်း အဆိုပါဒေသသို့ သွားရောက် ကပြ ဖျော်ဖြေသည့် သဘင်မိသားစုအပေါ် ရန်ဖြစ်အကြမ်းဖက်လေ့ရှိသည့် ဒေသ ဖြစ်သောကြောင့် နောင်တွင် အဆိုပါ ဒေသသို့ သွားရောက် ကပြဖျော်ဖြေ မည့် သဘင်အဖွဲ့များအနေဖြင့် သတိထားနိုင်ကြပါရန်နှင့် မြန်မာ နိုင်ငံ သဘင်အစည်းအရုံးအနေဖြင့် သဘင်အဖွဲ့များ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို ယခု ထက်ပိုမိုရရှိစေရန် သက်ဆိုင်ရာ ဌာန အသီးသီးထံ ဆက်သွယ်ကြိုး ပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ အခင်းဖြစ်ပွားရာ နေရာဆီ သဘင်အစည်းအရုံး (ဗဟို) မှ အမှုဆောင်များ၊ တိုင်းဒေသကြီး သဘင်အမှုဆောင်များ၊ မန္တလေး တိုင်း သဘင်လူမှုကူညီစောင့်ရှောက် ရေးအဖွဲ့ဝင်များက သွားရောက်ကာ ဆေးကုသမှုပေးခြင်းနဲ့ တရားခံဖမ်းမိ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းလည်း သိရပါတယ်။ လက်ရှိနောက်ဆုံးသတင်းအရဆိုရင်တော့ ဆပ်ကပ်ပညာရှင်ကိုနေမင်း၏ မျက်လုံးမှာ ဆရာဝန်တွေ ကြိုးစား ကုသပါသော်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့် လည်း နောက်နောင်မှာ ဒီလိုအဖြစ် မျိုးထပ်မဖြစ်ရအောင် လုံခြုံရေးများ အနေနဲ့ သဘင်အဖွဲ့များ ဖျော်ဖြေ တင်ဆက်တဲ့အခါမှာ အထူးသဖြင့် အကူအညီပေးကြဖို့နဲ့ ရပ်ရွာများမှ လည်း စောင့်ရှောက်ကြဖို့ ပရိသတ် တွေ အနေနဲ့လည်း အနုပညာသည် များကို အားပေးကြဖို့ မေတ္တာရပ်ခံပါ ကြောင်း သဘင်အစည်းအရုံး (ဗဟို)မှ တာဝန်ရှိသူများက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here